Tips

TotalEnergies နှင့် CMA CGM တို့ သင်္ဘောဖြင့် LNG ဘန်ကာပေးခြင်း စတင်

TotalEnergies နှင့် CMA CGM တို့ သင်္ဘောဖြင့် LNG ဘန်ကာပေးခြင်း စတင်


ပြင်သစ်သင်္ဘောလိုင်း CMA CGM နင့် ပြင်သစ် စွမ်းအင်လုပ်ငန်း TotalEnergies တို့ အတူပူးပေါင်းဆောင်ရွက်ပြီး သင်္ဘောမှ ကွန်တိန်နာသင်္ဘောသို့ သဘာဝဓာတ်ငွေ့ရည် LNG ဘန်ကာပေးတဲ့ ဝန်ဆောင်မှုကို ပြင်သစ်ဆိပ်ကမ်း Marseille မှာ ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ကြပါတယ်။
LNG ဖြင့် ခုတ်မောင်းတဲ့ ကွန်တိန်နာသင်္ဘော CMA CGM Bali က 15,000 TEU တင်ဆောက်နိုင်တဲ့ အရွယ်အစား ဖြစ်ပြီး LNG လောင်စာ ကုဗမီတာ ၆,၀၀၀ ကို ဘန်ကာသင်္ဘော Gas Vitality ထံမှ ရယူပါတယ်။

TotalEnergies ရဲ့ LNG ဘန်ကာသင်္ဘော Gas Vitality က ပြင်သစ်နိုင်ငံရဲ့ အဦးဆုံး LNG ဘန်ကာသင်္ဘော ဖြစ်ပါတယ်။ TotalEnergies အနေဖြင့် ဒုတိယမြောက် ချာတာအငှား ဘန်ကာသင်္ဘောဖြစ်ပြီး သင်္ဘောပိုင်ရှင်က Mitsui O.S.K. Lines, Ltd (MOL) ဖြစ်ပါတယ်။

ယခင်က LNG ဘန်ကာကို ဆိပ်ခံတံတားမှာ ဆိုက်ကပ်ပြီး ရယူခဲ့ရပြီး ယခု သင်္ဘောထံမှ ဘန်ကာယူခြင်း စတင်တာ ဖြစ်ပါတယ်။

CMA CGM မှာ LNG လောင်စာသုံး သင်္ဘော၂၄ စီး ရှိပြီး၂၀၂၄ မှာ ၄၄ စီးအထိ တိုးမှာ ဖြစ်ပါတယ်။

gcaptain.com

Screenshot_2022-01-24_083057.png

 

Read times
Rate this item
(0 votes)