Tips

မြန်မာနိုင်ငံကူးလက်မှတ်အတွက် GREEN CHANNEL နှင့် HOME SERVICE ဝန်ဆောင်မှု ဆောင်ရွက်ပေးလျက်ရှိ

မြန်မာနိုင်ငံကူးလက်မှတ်အတွက် GREEN CHANNEL နှင့် HOME SERVICE ဝန်ဆောင်မှု ဆောင်ရွက်ပေးလျက်ရှိ

မြန်မာနိုင်ငံ ကူးလက်မှတ် လျှောက်ထားရာတွင် ၂၀၂၂ ခုနှစ် မတ်လ၂၁ ရက် မတိုင်မီ လျှောက်ထားပါက မူလအတိုင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ရန်ကုန်မြို့) သို့ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။

၂၀၂၂ ခုနှစ် မတ် ၂၁ ရက်မှစ၍ နောက်ပိုင်းရက်များအတွက် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားမှုများကို Online Booking ရက်ချိန်း အရင်ရယူပြီး ရယူထားသည့် ရက်ချိန်းကျရောက်သည့်ရက်တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ရန်ကုန်မြို့) သို့ လူကိုယ်တိုင် သွားရောက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

Online Booking ရက် ချိန်းရယူခြင်းကို မတ် ၁၄ ရက်တွင်စတင်ဆောင်ရွက်ပါသည်။

 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်) Online Booking စနစ် ပြောင်းလဲကျင့်သုံးမည်

 


မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် အထူး ဝန်ဆောင်မှုအနေဖြင့် GREEN CHANNELအစီအစဉ်နှက့် အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးမှု(HOME SERVICE) ဝန်ဆောင်မှုအစီအစဉ်များဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရပါသည်။

နိုင်ငံကူးလက်မှတ်တွင် သက်တမ်းကျန်ရှိပြီး စာရွက်ကုန်၍ ပြန်လည်လျှောက်ထားသူများ၊
ပြည်ပနိုင်ငံများသို့အရေးပေါ်သွားရောက် လိုသူများသည် GREEN CHANNEL အစီအစဉ်ဖြင့်လျှောက်ထားနိုင်သည်။

ပြည်ပနိုင်ငံများသို့ လျှောက်ထားသူကိုယ်တိုင်ဆေးကုသမှုခံယူရန်၊ ဆေးကုသမှုခံယူသူ၏အဖော်၊ စီးပွားရေး၊ သင်တန်း၊ ကျောင်း၊ ပြပွဲ၊ ပြိုင်ပွဲ၊လေ့လာရေး၊ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ ပြည်ပသို့ ခွင့်ဖြင့် သွားရောက်မည့်နိုင်ငံ့ဝန်ထမ်းများ၊ ပြည်ပမှ ခွင့်ဖြင့်ပြန်လာသူများ၊ပြည်ပသို့ မှီခိုအဖြစ် လိုက်ပါမည့်သူများ GREEN CHANNEL အစီအစဉ်ဖြင့် လျှောက်ထားနိုင်သည်။


အဆိုပါ လျှောက်ထားခြင်းများတွင် လျှောက်ထားသည့်နေ့ရက်မှ ၅ ရက်အကြာတွင် မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ကို ထုတ်ပေးမည် ဖြစ်ပါသည်။


အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးမှု (HOME SERVICE) ဝန်ဆောင်မှုအစီအစဉ်ဖြင့် အသက် ၆ဝ ကျော်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးကုသခံယူနေသူများ၊ ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိသူများ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ပါသည်။

စုံစမ်းမေးမြန်းလိုပါက
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၊
ဆရာစံလမ်းနှင့် စက်မှု(၁)လမ်းထောင့်
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊
ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း ဝ၁-၅၄၆၆၂၄၊
အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။


မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်) Online Booking စနစ် ပြောင်းလဲကျင့်သုံးမည်
https://www.industrialdirectory.com.mm/article/-online-booking-passport.html

Read times
Rate this item
(2 votes)