Tips

မဲဆောက်-မြဝတီ အမှတ် (၁) နှင့် အမှတ်(၂) ချစ်ကြည်ရေးတံတား မေလ ၅ ရက် ပြန်ဖွင့်ရန် အသင့်ပြင်ဆင်

မဲဆောက်-မြဝတီ အမှတ် (၁) နှင့် အမှတ်(၂) ချစ်ကြည်ရေးတံတား မေလ ၅ ရက် ပြန်ဖွင့်ရန် အသင့်ပြင်ဆင်

မေလ ၁ ရက် တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံ တတ်ပြည်နယ်ရှိ ထိုင်း- မြန်မာ နယ်စပ် စစ်ဆေးရေးဂိတ်များကို သန့်ရှင်းရေး ဆောင်ရွက်ကြပြီး စစ်ဆေးရေးဂိတ်များ အပြည့်အဝ ပြန်ဖွင့်ဖို့ အတွက် အသင့် ပြင်ဆင်ကြပါတယ်။ ယခုအခါ Covid-19 အခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်လို့ ပြန်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

"တံတား‌တွေကို ပြန်ဖွင့်ဖို့ အသင့်ပြင်ဆင်နေပါတယ်။ သန့်ရှင်းရေး လုပ်နေတယ်။ ထိုင်းဘက်ကတော့ အဆင်သင့် လုပ်ထားပြီ၊ မြန်မာဘက်က ဖွင့်ပေးဖို့ပဲလိုတော့တယ်" လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။

လာမယ့် မေလ ၅ ရက် ကြာသပတေးနေ့မှာ နယ်စပ်ဂိတ် ၂ ခု ပြန်ဖွင့်ဖို့ မျှော်မှန်းထားကြောင်း အရာရှိများက The Nation ကို ပြောကြားပါတယ်။

တနင်္ဂနွေနေ့မှာ သန့်ရှင်းရေး လုပ်ဆောင်တဲ့ စစ်ဆေးရေးဂိတ်က ၂ နှစ်ကြာ ပိတ်ထားခဲ့တဲ့ အမှတ် (၁) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားရှိ မဲဆောက်- မြဝတီ စစ်ဆေးရေးဂိတ် ဖြစ်ပါတယ်။

နောက်ထပ် စစ်ဆေးရေးဂိတ်က အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားရှိ စစ်ဆေးရေးဂိတ်ဖြစ်ပါတယ်။ ဂိတ် ၂ ခုစလုံးက တတ်ပြည်နယ် မဲဆောက်ခရိုင်မှာ တည်ရှိပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်နှစ်ခုစလုံး ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားခဲ့တာ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက် ကတည်းက ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)