Tips

ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ငါးမွေးမြူရေးသင်္ဘော

ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ငါးမွေးမြူရေးသင်္ဘော 

 

281852041_5172401899464694_8390894473823738676_n.jpg

 

ပင်လယ်ရေကြောင်း သင်္ဘောအမျိုးအစားသစ်ကို မေလ ၂၀ ရက်တွင် CSSC ၏ Qingdao Beihai Shipbuilding သင်္ဘောကျင်းက ပိုင်ရှင် Guoxin Development Group ထံ လွှဲပြောင်းပေးအပ်သည်။

မွေးမြူရေးကန်သင်္ဘော Guoxin 1 သည် 100,000 dwt အရွယ်အစား ရှိပြီး တစ်နှစ်လျှင် ငါးတန်ချိန် ၃,၇၀၀ ထွက်မည် ဖြစ်သည်။

 

281270485_5172401792798038_4511508338749828443_n.jpg

 

Guoxin Development Group က ငါးမွေးမြူရေးသင်္ဘော ၄ စီးဖြင့် ပင်လယ်ငါး မွေးမြူရေး လုပ်ကိုင်မည်ရာ နောက်ထပ် ၃ စီးကို သင်္ဘောကျင်းက ဆက်လက်တည်ဆောက်သွားမည် ဖြစ်သည်။

Guoxin Development Group က အရွယ်အစား ငယ်သော သင်္ဘောများဖြင့် စမ်းသပ်လုပ်ကိုင်ခဲ့ပြီး ယခုအခါ အရွယ်အစားကြီးမားသည့် သင်္ဘောကို စတင်အသုံးပြုခြင်း ဖြစ်သည်။ နောင်တစ်ချိန်တွင် သင်္ဘောအစီး ၅၀ ဖြင့် ပင်လယ်ငါး မွေးမြူရေး လုပ်ကိုင်ရန် ရည်မှန်းချက် ထားရှိသည်။

 

282758617_5172401706131380_5110697882913229681_n.jpg

 

 

 Guoxin 1 ကို ၂၀၂၀ ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခဲ့သည်။  အလျား ၈၁၆ ပေ ရှိပြီး ပင်လယ်ငါး မွေးမြူရေးကန် ၁၅ ခု ပါသည်။ ကန်များ၏ စုစုပေါင်း ဧရိယာမှာ ၁၉ ဧက ရှိသည်။

 Guoxin 1  ကို ၂၀၂၂ ဇန်နဝါရီလတွင် ရေချသည်။ ပင်လယ်ခရီးစဉ် စမ်းသပ်ခုတ်မောင်းခဲ့ပါသည်။ မေလ ၂၀ ရက်တွင် ပိုင်ရှင်လက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

 

 

Read times
Rate this item
(0 votes)