Tips

သင်္ဘောသား ၁,၅၀၀ ကျော် အလုပ်အကိုင်ရရှိမယ့် Disney ရဲ့ ပဉ္စမမြောက် သင်္ဘောအသစ်

သင်္ဘောသား ၁,၅၀၀ ကျော် အလုပ်အကိုင်ရရှိမယ့် Disney ရဲ့ ပဉ္စမမြောက် သင်္ဘောအသစ်

 

အပျော်စီးသင်္ဘောလိုင်း Disney Cruise Line က သင်္ဘောအသစ်တစ်စီး ထပ်တိုးပါတယ်။ ပုံမှန်လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) ၂ မျိုး သုံးစွဲလို့ရတဲ့ အင်ဂျင် တပ်ဆင်ထားပါတယ်။ 

 အပျော်စီးသင်္ဘောအသစ်ကို Disney Wish လို့ အမည်ပေးထားပါတယ်။

 တန်ချိန် ၁၄၄,၀၀၀ ရှိတဲ့ Disney Wish ကို ဂျာမနီနိုင်ငံရှိ သင်္ဘောကျင်း Meyer Werft မှာ တည်ဆောက်ခဲ့ပါတယ်။ 

Disney Wish က အလျား ၁,၁၁၉ ပေ ရှိပါတယ်။ သင်္ဘောဝန်ထမ်း ဦးရေ ၁,၅၅၅ ခန့်ထားမှာ ဖြစ်ပြီး ခရီးသည် ဦးရေ ၄,၀၀၀ လက်ခံနိုင်ပါတယ်။

 6Th floor 2

ဗွေဆော်ဦး ရေကြောင်းခရီးစဉ် maiden voyage ကို ဇူလိုင်လမှာ စတင်ပါမယ်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ  Disneyအခြေစိုက် ဆိပ်ကမ်း Port Canaveral မှ ခရီးစဉ်စတင်ထွက်ခွာပါမယ်။

Disney Wish က Disney Cruise Line ရဲ့ ပဉ္စမမြောက် အပျော်စီးသင်္ဘော ဖြစ်ပါတယ်။ 

Disney Cruise Line ရဲ့ အပျော်စီးသင်္ဘောများနှင့် တည်ဆောက်ပြီးစီးနှစ်များမှာ

  Disney Magic (၁၉၉၈)

  Disney Wonder (၁၉၉၉)

  Disney Dream (၂၀၁၁)

  Disney Fantasy (၂၀၁၂)

  တို့ ဖြစ်ပါတယ်။

#MyanmarLogisticsGuide
Telegram Channel

https://t.me/Guid4U/DisneyCruiseLine

https://t.me/Guid4U

+

+

MLG

 

Read times
Rate this item
(1 Vote)