Tips

Singapore Airlines က SAF ဆီ စတင်သုံးစွဲ

Singapore Airlines က SAF ဆီ စတင်သုံးစွဲ

 

Singapore Airlines မှ လေယာဉ်များအားလုံး  သုံးပြီးသား ဟင်းချက်ဆီနှင့် စွန့်ပစ်တိရစ္ဆာန်အဆီတို့ဖြင့် ထုတ်လုပ်သော sustainable aviation fuel (SAF) ဆီအရောအနှောကို လောင်စာဆီအဖြစ် အသုံးပြုရန်အတွက် ကြာသပတေနေ့း(ဇူလိုင် ၇)က   စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှာ Exxon Mobil Corp က SAF လေယာဉ်ဆီများ စတင်ဖြည့်တင်းပေးခဲ့ပါတယ်။ စင်ကာပူမှ ExxonMobil က သန့်စင်ပြီးရေနံဓာတုပစ္စည်းနှင့်  Neste Oil က ပေးအပ်တဲ့ SAF  တို့ကို ပေါင်းစပ်ပြီး လေယာဉ်ဆီအဖြစ် ပေးအပ်တာ ဖြစ်ပါတယ်။ 

Aston Martin 2

 ယခုအစီအစဉ်ကို တစ်နှစ်တာ စမ်းသပ်မှာ ဖြစ်ပါတယ်။ စမ်းသပ်အစီအစဉ်မှာ စင်ကာပူ မြို့ပြလေကြောင်း အာဏာပိုင်၊ စင်ကာပူလေကြောင်းနှင့် တီမာဆက်တို့ ပူးပေါင်း လုပ်ကိုင်ကြပါတယ်။ 

Singapore Airlines နှင့်  Scoot  လေကြောင်းလိုင်းနှစ်ခုရဲ့ ခရီးစဉ်များအတွက် SAF လေယာဉ်ဆီကို စတင်သုံးစွဲမှာ ဖြစ်လို့ ချန်ဂီလေဆိပ်မှာ SAF လေယာဉ်ဆီကို ဖြည့်တင်းပေးထားတာ ဖြစ်ပါတယ်။ 

ExxonMobil က  SAF လေယာဉ်ဆီကို ၂၀၂၅ မှာ နေ့စဉ် စည် ၄၀,၀၀၀ ကျော် ပေးသွင်းနိုင်မှာ ဖြစ်ပြီး ၂၀၃၀ မှာ နေ့စဉ် စည် ၂၀၀,၀၀၀ ပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ 

 

ch-aviation.com မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ချန်ဂီလေဆိပ်မှာ Singapore Airlines ရဲ့ ကိုယ်ထည်အကျယ် လေယာဉ် စီးရေ ၁၃၀ ရှိနေပြီး Airbus A380s ,  Airbus A350s , Boeing B777s , Boeing B787s တို့ ပါဝင်ပါတယ်။ 

AScoot ရဲ့   Boeing B787s  အစီး ၂၀ ၊  Airbus A320 အစီး ၄၀ ရှိနေပါတယ်။ 

#MyanmarLogisticsGuide

Telegram Channel
https://t.me/Guid4U

ယခင်ဖော်ပြချက် ဆက်စပ်ဖတ်ရှုရန် 

Singapore Airlines ခရီးစဉ်အားလုံး SAF ဆီ အသုံးပြုမည်

 

Read times
Rate this item
(0 votes)