Tips

ရေကြောင်း အချက်အချာဆိပ်ကမ်းမြို့များစစ်တမ်းတွင် စင်ကာပူ ပထမ ဆက်လက်ရရှိ

ရေကြောင်း အချက်အချာဆိပ်ကမ်းမြို့များစစ်တမ်းတွင် စင်ကာပူ ပထမ ဆက်လက်ရရှိ

 

တရုတ်အစိုးရ သတင်းဌာန Xinhua နှင့် ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်း Baltic Exchange တို့ အတူပူးပေါင်းပြီး Xinhua-Baltic International Shipping Centre Development Index Report 2021 ကို တစ်နှစ်တစ်ကြိမ် နှစ်စဉ်ထုတ်ပြန်ခဲ့တာ ၉ နှစ်ရှိပါပြီ။

ယခု နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ စင်ကာပူဆိပ်ကမ်း အဆင့်အတန်းကို ပထမနေရာ အဆင့်သတ်မှတ်ပေးထားပါတယ်။ 

 

Pages_from_2021_Xinhua_Baltic_ISCDI_EN-7.jpg

 

Xinhua-Baltic International Shipping Centre Development Index Report အတွက် ဆိပ်ကမ်း စုစုပေါင်း ၄၃ ခုကို စစ်တမ်းကောက်ယူပါတယ်။

ကုန်စည်စီးဆင်းမှု၊ ကရိန်းအရေအတွက်၊ ကွန်တိန်နာသင်္ဘော  ဆိပ်ခံ အလျား၊ ဆိပ်ကမ်းရေစူး၊ ဆိပ်ကမ်းနှင့် ပတ်သက်နေတဲ့ အာမခံလုပ်ငန်းများ၊ ဉပဒေရေးရာ လုပ်ငန်းများ၊ သင်္ဘောစီမံခန့်ခွဲမှု လုပ်ငန်းများ၊ သင်္ဘောဘဏ္ဍာရေး ထောက်ပံ့သည့် လုပ်ငန်းများ အစရှိတဲ့ ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းအမျိုးမျိုးတို့ရဲ့ အရေအတွက်၊ အစိုးရဌာနဆိုင်ရာတို့ရဲ့ လုပ်ငန်းဝန်းကျင် အခြေအနေများ အစရှိတဲ့ဘအချက်များ ထည့်သွင်းစဉ်းစားပါတယ်။

 youtube1

စင်ကာပူဆိပ်ကမ်းက အမှတ် ၁၀၀ မှာ ၉၄.၈၈ ရရှိပါတယ်။

ရေကြောင်းသက်မွေးဝန်ဆောင်မှုလုပ်ငန်းများ အခြေစိုက်ရာ လန်ဒန်က ၈၃.၀၄ ဖြင့် ဒုတိယ နေရာ ရရှိပါတယ်။

ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာဆိပ်ကမ်း တည်ရှိရာ ရှန်ဟိုင်းက ၈၂.၇၉ ဖြင့် တတိယနေရာ ရရှိပါတယ်။    

 

Pages_from_2021_Xinhua_Baltic_.jpg

စင်ကာပူက ရေကြောင်းအချက်အချာ စစ်တမ်းအမျိုးမျိုးမှာ ပထမ ရနေကျ ဖြစ်ပါတယ်။ Xinhua-Baltic International Shipping Centre Development Index Report  မှာလည်း ပထမနေရာကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ 

#MyanmarLogisticsGuide 
 Telegram Channel

https://t.me/Guid4U

 

 

 

MLG

 
Read times
Rate this item
(0 votes)