Tips

Boeing 737-NG ပျံသန်းနေစဉ် တောင်ပံ ဝက်အူကျွတ်‌နေသည့် ဗီဒီယိုကို Air China ညတွင်းချင်း တုံ့ပြန်ဆောင်ရွက်

Boeing 737-NG ပျံသန်းနေစဉ် တောင်ပံ ဝက်အူကျွတ်‌နေသည့် ဗီဒီယိုကို Air China ညတွင်းချင်း တုံ့ပြန်ဆောင်ရွက်

Air China  ခရီးသည်တင်လေယာဉ်တစ်စီး ပျံသန်းစဉ်အတွင်း တောင်ပံမှာ ဝက်အူကျွတ်တောကို  ရိုက်ပြထားတဲ့ ဗီဒီယိုကို အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ပြီးနောက် တောင်ပံမှ ဝက်အူများကို တပ်ဆင်ပေးခဲ့ကြောင်း Air China မှ ညတွင်းချင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

 

 Annotation_2022-07-12_191205.jpg

 

ကြာသပတေးနေ့ (ဇူလိုင် ၇) တွင် Air China လေကြောင်းလိုင်းမှ ပေကျင်း - ဟန်ယန်း  ခရီးစဉ် CA1921 ကို ပျံသန်းတဲ့ Boeing 737-NG တောင်ပံမှ ဝက်အူတစ်ခု ကျွတ်နေတာကို ခရီးသည်တစ်ဦးက သတိပြုမိပြီး ဗီဒီယို မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုကို တရုတ် ဆိုရှယ်မီဒီယာ ပလက်ဖောင်း Weibo မှာ တင်ပါတယ်။ မကြာခင်မှာဘဲ ဗီဒီယိုက ပျံ့နှံ့သွားပါတယ်။ 

Air China က အရေးတယူဖြင့် လုပ်ဆောင်ပေးပြီးပြီဖြစ်ကြောင့် ညဘက်မှာ ကြေညာချက်ထုတ်ပြန်ပြီး တုံ့ပြန်မှုပေးခဲ့ပါတယ်။

YD Advertise with us 2

 

Air China ခရီးစဉ် CA1921 တွင် တောင်ပံမှ ဝက်အူကျွတ်နေကြောင်း ရိုက်ကူးပြီး အင်တာနက်တွင် ဝေမျှခဲ့တာကို လေကြောင်းလိုင်းအနေဖြင့် အလွန်အရေးကြီးသည့်အတွက် ချက်ချင်း စစ်ဆေးကာ ကျွတ်ထွက်နေသည့် ဝက်အူများ တပ်ဆင်ပေးခဲ့ကြောင်း၊ အခြားလေယာဉ်များကိုလည်း စစ်ဆေးပေးခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

အဘယ်ကြောင့် ဝက်အူကျွတ်နေရသလဲဆိုတာကိုတော့ ကြေညာချက်မှာ မဖော်ပြထားပါဘူး။ ဝက်အူကျွတ်နေတဲ့အတွက် ဘေးအန္တရာယ် ရှိမရှိကိုလည်း မဖော်ပြထားပါဘူး။

 

ဝါရင့်လေယာဉ်မှူး Chen Jianguo က Beijing Youth Daily သတင်းဌာန မေးခွန်းကို ဖြေကြားခဲ့ရာမှာ ဝက်အူ တစ်ချောင်း နှစ်ချောင်း ကျွတ်နေတာကြောင့် ဘေးကင်းရေးကို ထိခိုက်မှု မရှိကြောင်း၊ လေစီးကြောင်း ချောမွေ့ပြီး လေခွင်းအား ကောင်းစေဖို့ တပ်ပေးထားတဲ့ အစိတ်အပိုင်း ဖြစ်တာကြောင့် ၎င်းအစိတ်အပိုင်း မပါလျှင်တောင် ဘေးကင်းရေးကို မထိခိုက်ကြောင်း ရှင်းပြပါတယ်။

#MyanmarLogisticsGuide

Telegram Channel
https://t.me/Guid4U

Source: SCMP

Read times
Rate this item
(0 votes)