Tips

တောင်ကိုရီးယားမှ HMM က ဒေါ်လာ ၁၁ ဘီလျံ ကြီးထွားရေးမဟာဗျူဟာ ကြေညာ

တောင်ကိုရီးယားမှ HMM က ဒေါ်လာ ၁၁ ဘီလျံ ကြီးထွားရေးမဟာဗျူဟာ ကြေညာ

တောင်ကိုရီးယားရဲ့ အထင်ကရ သင်္ဘောလိုင်း HMM သည် ကွန်တိန်နာသင်္ဘောများနှင့် ဝမ်းပုံသင်္ဘောများ စီးရေတိုးရန်၊  ဆိပ်ခံတိုးချဲ့ရန်၊ လော်ဂျစ္စတစ် တိုးချံ့ရန်တို့အတွက်  လာမယ့်နှစ်များတွင် ကန်ဒေါ်လာ ၁၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ ၂၀၂၆ မတိုင်ခင်ဂေဟမိတ်ဖက် ကွန်တိန်နာသင်္ဘောများ တင်ဆောင်နိုင်စွမ်းကို TEU ၁.၂ သန်း ထပ်ဖြည့်ထည့်မယ်လို့ ဆိုပါတယ်။ လက်ရှိထက် နှစ်ဆကျော် တိုးမြှင့်မှာ ဖြစ်ပါတယ်။ ဝမ်းပုံ bulk သင်္ဘောစီးရေကို လက်ရှိ ၂၆ စီးမှ ၅၅ စီးဖြစ်လာအောင် ၂၀၂၆ မတိုင်ခင် ထပ်ဖြည့်ထည့်မှာ ဖြစ်ပါတယ်။ 

Alphaliner ရဲ့ အချက်အလက်များအရ HMM ရဲ့ ကွန်တိန်နာသင်္ဘောအုပ်စုက ကမ္ဘာ့ကွန်တိန်နာ သင်္ဘော ဈေးကွက်မှာ ဝေစု ၃.၂% ရရှိထားပါတယ်။ စုစုပေါင်း TEU ၈၁၆,၀၀၀ ရှိပါတယ်။ TEU ၁.၂ သန်း ထပ်ဖြည့်ထည့်ပြီးသွားတဲ့အခါ HMM မှာ TEU ၃ သန်း ဖြစ်လာပါမယ်။ လက်ရှိအဆင့်များအရ MSC, Maersk , CMA CGM  တို့  ပြီးရင် စတုတ္ထနေရာမှာ HMM  ရောက်ရှိမှာ ဖြစ်ပါတယ်။ COSCO, Hapag-Lloyd, Evergreen နှင့် ONE တို့ထက် ပိုများမှာ ဖြစ်ပါတယ်။ 

 

6Th_floor_2.jpg

HMM ရဲ့ ကြီးထွားရေး မဟာဗျူဟာမှာ လော့ဂျစ္စတစ် အခြေခံအဆောက်အအုံကိုလည်း ခိုင်မာအောင် တည်ဆောက်ထားမှာ ဖြစ်ပြီး ဆိပ်ခံများ၊ အထောက်အပံ့ အဆောက်အဦများ အစရှိသည်တို့ကို ဒစ်ဂျစ်တယ် ပလက်ဖောင်းနှင့် တွဲစပ်ပေးမှာ ဖြစ်ပါတယ်။ 

 

ယခင်က Hyundai Merchant Marine လို့ ခေါ်ဝေါ်ခဲ့တဲ့ HMM က ၂၀၁၆ မှာ Hanjin Shipping ပြိုလဲပြီးတဲ့နောက်မှာ တောင်ကိုရီးယား ပင်လယ်ရေကြောင်း ပို့ဆောင်ရေးကဏ္ဍရဲ့ ဦးဆောင်သူ နေရာကို ရရှိခဲ့ပါတယ်။ 

HMM က ကွန်တိန်နာသင်္ဘော မဟာမိတ်အဖွဲ့ THE Alliance  မှာ Hapag-Lloyd, ONE, Yang Ming တို့နှင့်အတူ ပါဝင်ပါတယ်။ 

 

တောင်ကိုရီးယားမှ သင်္ဘောလိုင်းတစ်ခု ဖြစ်တဲ့  SM Line က Hanjin ရဲ့ ပိုင်ဆိုင်မှုများကို ဝယ်ယူပြီး ၂၀၁၆ မှာ ပေါ်ထွက်လာခဲ့ပြီး ယခုအခါ SM Line ရဲ့ မိခင်လုပ်ငန်း SM Group က  HMM ရဲ့ အစုရှယ်ယာများကို ဝယ်ယူပြီး ရှယ်ယာဝေစု ပိုများလာအောင် လုပ်ဆောင်လျက် ရှိတာကြောင့် တစ်ချိန်ချိန်မှာ SM Line က HMM နဲ့ ပေါင်းစည်းလိမ့်မယ်လို့ ထင်ကြေးပေးကြပါတယ်။ လောလောဆယ်မှာတော့ SM Group က HMM မှာ အစုရှယ်ယာ တတိယ အများဆုံး ပိုင်ဆိုင်သူအဖြစ်ဖြင့် သာ ရှိပါသေးတယ်။ 

#MyanmarLogisticsGuide

 Telegram Channel
https://t.me/Guid4U

 Source: gcaptain

Read times
Rate this item
(0 votes)