Tips

စင်ကာပူလေကြောင်းလိုင်း အသားတင်အမြတ်ရသည့်ဘက်သို့ ရောက်ရှိလာ

စင်ကာပူလေကြောင်းလိုင်း အသားတင်အမြတ်ရသည့်ဘက်သို့ ရောက်ရှိလာ

 

စင်ကာပူလေကြောင်းလိုင်း Singapore Airlines (SIA) သည် Covid-19 ခရီးသွားလာမှု ကန့်သတ်ချက်များ ဖြေလျှော့ပေးမှုကြောင့် ယမန်နှစ်ထက် ခရီးသည် အသွားအလာ   ၁၄ ဆ တိုးလာပြီးနောက် အမြတ်ငွေ ဒေါ်လာ သန်း ၃၇၀ ရရှိခဲ့ကြောင်း ကြာသပတေးနေ့ (ဇူလိုင် ၂၈ ရက်) တွင် ပြောကြားခဲ့ပါသည်။

 

ယမန်နှစ် ပထမ ၃ လပတ်တွင်ဒေါ်လာ ၄၀၃ သန်း အရှုံးပေါ်ခဲ့ပြီး ယခု အသားတင်အမြတ် ရရှိလာသည်မှာ အခြေအနေ  ကြီးမားသော တိုးတက်ကောင်းမွန်မှု ရရှိခြင်း ဖြစ်သည်။ ယမန်နှစ် ပထမ ၃ လပတ်တွင် ဝင်ငွေ၏ သုံးပုံနှစ်ပုံကျော်သည် လေကြောင်းကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုများထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ 

 

SIA ၏ ၀င်ငွေသည် ဧပြီ - ဇွန် သုံးလအတွင်းသုံးဆတိုးလာပြီး ဒေါ်လာ ၃.၉ ဘီလီယံ ရရှိခဲ့ပါသည်။ သုံးလပတ် လုပ်ငန်းလည်ပတ်အမြတ်ငွေ ဒေါ်လာ ၅၅၆ သန်းသည် ကုမ္ပဏီသမိုင်းတွင် ဒုတိယအမြင့်ဆုံးဖြစ်သည်။

 

လေကြောင်းလိုင်းသည်  စင်ကာပူဗဟိုချက်၏ စွမ်းဆောင်ရည်ကို မြှင့်တင်နေပြီး ဒီဇင်ဘာလကုန်တွင် ကပ်ရောဂါအကြိုကာလ ‌ေရချိန်၏ ၈၁ ရာခိုင်နှုန်းခန့်သို့ ရောက်ရှိရန် မျှော်လင့်ထားသည်။

 

"နှစ်ကုန်ပိုင်း အားလပ်ရက် ခရီးသွားကာလ ရောက်လာတော့မှာ ဖြစ်ပြီး လာမည့်  သုံးလတာ အောက်တိုဘာလအထိ ကြိုတင်လက်မှတ်အရောင်း  အရောင်းသွက်နေသဖြင့် ရောင်းအားဆက်လက် ကောင်းမွန်နေမည်ဟု မျှော်လင့်ကြောင်း SIA မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  လေယာဉ်လက်မှတ်ခနှင့် လူပြည့်သည့်ထိုင်ခုံရာခိုင်နှုန်းများ ပေါင်းစပ်ထားသည့် တိုင်းတာမှု ဖြစ်သည့် ပါရှိသော ထိုင်ခုံ ကီလိုမီတာအရ ဝင်ငွေသည် ၃ လပတ်အတွင်း အထွတ်အထိပ်သို့ ရောက်ခဲ့ကြောင်း SIA မှ ပြောကြားသည်။

 

အရှေ့အာရှမှလွဲ၍ ကျန်ဒေသအားလုံးတွင် ခရီးသွားလာခြင်းများ  အရှိန်ကောင်းကောင်းဖြင့် ပြန်တက်လာသည်။ အရှေ့အာရှတွင် ကမ္ဘာ့နိုင်ငံအများစုထက် ကိုဗစ်စည်းမျဉ်းစည်းကမ်းများ တင်းကျပ်နေဆဲဖြစ်သည်။

 

 မြင့်မားသောလောင်စာဆီဈေးနှုန်းများ အပါအဝင် ကုန်ဈေးနှုန်း မြင့်တက်သည့် ဖိအားများသည် စိုးရိမ်စရာအဖြစ် ရှိနေဆဲဟု ‌SIA က ပြောကြားသည်။

 

 SIA Group ၏ အဓိကစျေးကွက်များ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများအပြားတွင်  ချေးငွေအတိုးနှုန်း မြင့်တက်ခြင်းနှင့် စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းတို့သည်  ခရီးသွားလာမှု ပြန်လည်ကောင်းမွန်လာရန်နှင့် လေကြောင်းကုန်စည် ပို့ဆောင်ရန် လိုအပ်မှုတို့ကို ထိခိုက်စေနိုင်သည်ဟု  လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

 

SIA သည် ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း လုပ်ငန်းလည်ပတ်ငွေတွင် ပိုငွေ ဒေါ်လာ ၁.၄၈ ဘီလီယံ ရှိခဲ့သည်။

 

SIA ၏ သန်မာသော စွမ်းဆောင်ရည်သည် တင်းကျပ်သော ကိုဗစ်စည်းမျဉ်းများက ခရီးသည်နှင့် လေယာဉ်အမှုထမ်းများကို  အနှောင့်အယှက်ပြု‌ေနသော ဟောင်ကောင်အခြေစိုက် ပြိုင်ဘက် Cathay Pacific Airways နှင့် ဖီလာဆန့်ကျင် ဖြစ်‌ေနသည်။

 

Cathay သည် ဇွန်လတွင် ကိုဗစ် ကပ်ရောဂါအကြိုကာလ ခရီးသည် ရရှိသည့်‌ေရချိန်၏၁၁ ရာခိုင်နှုန်း ရှိရာမှ ယခုနှစ်ကုန်တွင် ၂၅ ရာခိုင်နှုန်းအထိသာ ပိုများလာရန်  မျှော်လင့်ထားသည်။

 #MyanmarLogisticsGuide

Telegram Channel  https://t.me/Guid4U

Source: Reuters

Read times
Rate this item
(0 votes)