Tips

ဆီသန့်တင်သင်္ဘောဟောင်းများ အဝယ်လိုက်သဖြင့် ဈေးကောင်းနေ

ဆီသန့်တင်သင်္ဘောဟောင်းများ အဝယ်လိုက်သဖြင့် ဈေးကောင်းနေ

ရေနံတင်သင်္ဘော tanker များကို အကြမ်းအားဖြင့် Dirty tanker နှင့် Clean tanker ဟူ၍ ၂ မျိုးခွဲခြားကြပါတယ်။

 

Dirty tanker တွေက ရေနံစိမ်း၊ မီးထိုးဆီ၊ အခြား ဆီအညစ်အပေတွေ အရည်ပျစ်တွေ သယ်ယူပို့ဆောင်ကြပါတယ်။

Clean tanker တွေက ဓာတ်ဆီ၊ ဒီဇယ်ဆီ အစရှိတဲ့ ဆီအသန့် ပေါ့ပေါ့ပါးပါးတွေကို သယ်ယူပို့ဆောင်ကြပါတယ်။

 

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီးချိန်မှာ ရေနံနှင့် ရေနံထွက်အရည်အမျိုးမျိုး ပင်လယ်ရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှု ပိုများလာပြီး ပို့ဆောင်ခများ မြင့်တက်လာခဲ့ပါတယ်။ ရေနံနှင့် ရေနံထွက်အရည်အမျိုးမျိုး ပို့ဆောင်နေတဲ့ သင်္ဘောလိုင်းတွေက ချာတာအငှား သင်္ဘောများဖြင့် ပို့ဆောင်တာအစား သင်္ဘောတွေ ဝယ်ပြီး ပို့ဆောင်လာကြပါတယ်။

ရုရှားကို ကုန်သွယ်မှု ကန့်သတ်ချက်များကြောင့် ဉရောပနိုင်ငံများက အနီးအနား ရုရှားထံမှ ရေနံနှင့် ရေနံထွက်အရည်အမျိုးမျိုး မရယူတော့ဘဲ ဝေးလံတဲ့ အမေရိကန်၊ အရှေ့အလယ်ပိုင်းဒေသ စတဲ့ နေရာများထံမှ ရယူကြတဲ့အတွက် ခရီးလမ်းကြောင်း အများကြီး ပိုမိုရှည်လျားသွားပါတယ်။ ရေနံတင်သင်္ဘောများ သုံးစွဲထားတဲ့ ရက်တွေ ပိုရှည်ကြာကုန်ပါတယ်။

ရေနံတင်သင်္ဘော အရေအတွက်က လျော့ကျလာနေချိန်ဖြစ်လို့ ရေနံတင်သင်္ဘောများ မလောက်မငှ ဖြစ်နေစေပြီး ပို့ဆောင်ခ မြင့်တက်ကုန်ပါတယ်။

 

ယခင်ဖော်ပြချက်

ကမ္ဘာ့ရေနံတင်သင်္ဘော စီးရေ သိသိသာသာ ကျဆင်း

 

ပို့ဆောင်ခ မြင့်တက်နေချိန်မှာ ချာတာသင်္ဘောအငှားဖြင့် ပြေးဆွဲတဲ့အပြင် ကုမ္ပဏီပိုင် သင်္ဘောများဖြင့်ပါ ပြေးဆွဲနိုင်ဖို့ သင်္ဘောဝယ်ယူမှု များလာခဲ့ပါတယ်။ သင်္ဘောကျင်းမှာ သင်္ဘောအသစ်မှာကြားလျှင် အနည်းဆုံး ၃ နှစ်ကြာပြီးမှ လက်ထဲကို သင်္ဘောရောက်ရှိမှာဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ ဈေးကွက် အခြေအနေအရ ငါးပွက်တုန်း ငါးစာချရတာဖြစ်လို့ ခုဝယ်ခုရ ဖြစ်မယ့် ရေနံတင်သင်္ဘော အဟောင်းများကို ဝယ်ယူကြပါတယ်။

ဈေးကွက် လိုအပ်ချက်က clean tanker အမျိုးအစား ဖြစ်တာကြောင့် clean tanker လိုက်လံဝယ်ယူမှု များလာနေတဲ့အတွက် ပျမ်းမျှအားဖြင့် ရောင်းဈေးနှုန်းများ ၆၀% ဝန်းကျင် မြင့်တက်ပါတယ်လို့ VesselsValue မှ ထုတ်ပြန်ပေးတဲ့ အချက်အလက်များအရ သိရပါတယ်။

 

VesselsValue ရဲ့ အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ clean tanker ၁၈၄ စီး အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ တန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၃.၇၉ ဘီလီယံ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း စီးရေအရ အများဆုံးဖြစ်ပြီး စုစုပေါင်းတန်ဖိုးအရလည်း အများဆုံးဖြစ်ပါတယ်။ 

 

သက်တမ်း ၁၄ နှစ်ရှိ တောင်ကိုရီးယားမှာ တည်ဆောက်တဲ့ အလယ်အလတ်ခရီးတာ သွားလာတဲ့ clean tanker တစ်စီးကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကန်ဒေါ်လာ ၁၉.၃ သန်းဖြင့် အရောင်းအဝယ် တည့်ခဲ့ပါတယ်။ ၎င်းအရွယ်အစား နှင့် သက်တမ်းမတိမ်းမယိမ်း clean tanker တစ်စီး ဧပြီလမှာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ဈေးနှုန်းထက် ကန်ဒေါ်လာ ၅ သန်း ပိုများပါတယ်။

 

သက်တမ်း ၆ နှစ်ရှိ ရေနံတင်သင်္ဘော Largo Sun ကို ယခုလမှာ ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း VesselsValue မှ ကုန်စည်လေ့လာဆန်းစစ်ရေးမှူး Olivia Watkins က Bloomberg သတင်းဌာနကို ပြောပြပါတယ်။ 

ခရီးရှည် သွားလာတဲ့ သက်တမ်း ၁၅ နှစ်ဝန်းကျင် clean tanker ဈေးနှုန်း ယခုနှစ်မှာ ၆၀% မြင့်တက်လာတယ်။အလယ်အလတ်ခရီးတာ သွားလာတဲ့ သက်တမ်း ၁၅ နှစ်ဝန်းကျင် clean tanker ဈေးနှုန်း ယခုနှစ်မှာ ၄၀% မြင့်တက်လာပါတယ်လို့ VesselsValue မှ အချက်အလက်များမှာ ဖော်ပြထားပါတယ်။

#MyanmarLogisticsGuide 

Telegram Channel  https://t.me/Guid4U

Source: gcaptain

Read times
Rate this item
(0 votes)