Tips

HSBC အစီရင်ခံစာ - ကွန်တိန်နာပို့ဆောင်မှုကဏ္ဍ အမြတ်များ ၂၀၂၃-၂၄ တွင် ၈၀% ကျဆင်းလိမ့်မည်

HSBC အစီရင်ခံစာ - ကွန်တိန်နာပို့ဆောင်မှုကဏ္ဍ အမြတ်များ ၂၀၂၃-၂၄ တွင် ၈၀% ကျဆင်းလိမ့်မည်

၂၀၂၃-၂၄ တွင် ကွန်တိန်နာ ပို့ဆောင်မှုအဖို့ အကျဘက် ရောက်ရှိခြင်းကို ရှောင်လွှဲ၍မရဘဲ အမြတ်ငွေ ၈၀% ကျဆင်းသွားမည်ဖြစ်ကြောင်း HSBC Global Research ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ကွန်တိန်နာ ကုန်စည်ပို့ဆောင်မှုနှုန်းမှာ နှစ်နှစ်ကြာ မကြုံစဖူး မြင့်တက်လာပြီးနောက် အထွတ်အထိပ်သို့ ရောက်ရှိပြီးသည့်အခါ အကျဘက်သို့ ပြန်ရောက်မည်။ ပို့ဆောင်လိုသည့် ပမာဏထက် သယ်ပို့နိုင်စွမ်းပမာဏက ပိုလျှံအောင် များနေမည်။ 

ကိုဗစ် အကြိုကာလတုန်းက ကွန်တိန်နာင်္ဘောလိုင်းများ နှစ်ပေါင်း ၂၀ ကြာ မကြာခဏ အရှုံးပြနေခဲ့ကြဖူးသည်။ ယခု အကျဘက်သို့ ပြန်ရောက်မည် ဖြစ်သော်လည်း ယခင်လို အရှုံးမပေါ်၊ အမြတ်လျော့နည်းခြင်းသာ ဖြစ်လိမ့်မည်ဟု HSBC ၏ Head of Shipping & Ports & Asia Transport Research ဌာနမှူး Parash Jain က ယူဆသည်။

"ပို့ဆောင်လိုသည့် ပမာဏထက် သယ်ပို့နိုင်စွမ်းပမာဏအကြား ကွာဟချက် ကျယ်ပြန့်လာခြင်းကြောင့် ပေါက်ဈေးနှုန်းများ ကပ်ရောဂါအကြိုအဆင့်သို့ လျင်မြန်စွာကျဆင်းသွားနိုင်တဲ့ အရိပ် လက္ခဏာများ ရှိ‌နေပါတယ်" ဟု ၎င်းက ပြောကြားသည်။

"ဒါပေမဲ့ စာချုပ် ချုပ်ထားပြီးသား အငှားကန်ထရိုက်စာချုပ် နှုန်းထားများက ယခင် နှုန်းထားအမြင့်များဖြင့် ချုပ်ဆိုထားတာ ဖြစ်လို့ ကိုဗစ်ကာလ အကြိုနှုန်းထားများထက် ပိုမြင့်‌နေအောင် ဆက်ထိန်းထားပါတယ်" ဟု Jain က ပြောကြားသည်။ 

သို့ဖြစ်ရာ ယခုနှစ် ၂၀၂၂ အတွက် အမြတ်ရမည်ဟု ခန့်မှန်းထားကြသည်။

 

ကွန်တိန်နာသင်္ဘောအသစ်များ သင်္ဘောကျင်းများတွင် မှာကြားထားကြသည်။

အကြီးစား သင်္ဘောအသစ်များ ဈေးကွက်ထဲရောက်လာသည့်အခါ ကမ္ဘာ့ ကွန်တိန်နာသယ်ပို့နိင်စွမ်း ပမာဏ သိသိသာသာ ကြီးထွားလာပြီး  ကမ္ဘာ့သယ်ပို့လိုသည့်ပမာဏထက် ပိုလျှံမည်။

ထိုအခါ ကွန်တိန်နာ ပို့ဆောင်ခများ ဈေးကျလာမည်။ 

စီးပွားရေး နှေးနေသဖြင့် ကမ္ဘာ့သယ်ပို့လိုသည့် ပမာဏ လျော့ကျနေခြင်းကြောင့်လည်း ပို့ဆောင်ခများ ဈေးကျစေမည် ဖြစ်သည်။

 

HSBC က ကမ္ဘာ့ကွန်တိန်နာ ကုန်သွယ်မှုသည် ၂၀၂၂ တွင် ၂% လျော့ကျမည်။

၂၀၂၃ တွင် ၃% လျော့ကျမည်။

၂၀၂၄ တွင် ၂.၄% လျော့ကျမည်။ 

ကွန်တိန်နာသင်္ဘောများ၏ကမ္ဘာ့သယ်ပို့နိုင်စွမ်း ပမာဏသည် တိုးနေသည်။

၂၀၂၂ တွင် ၆.၂% ၊ ၂၀၂၃ တွင် ၆.၅% ၊ ၂၀၂၄ တွင် ၈% တိုးမည်။

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)