Tips

ရုရှားလေကြောင်း Aeroflot လေယာဉ် ၃၃၉ စီး ဝယ်ယူရန် လက်မှတ်ရေးထိုး

ရုရှားလေကြောင်း Aeroflot လေယာဉ် ၃၃၉ စီး ဝယ်ယူရန် လက်မှတ်ရေးထိုး

 

ရုရှားအလံတင်လေကြောင်းလိုင်း Aeroflot ၏ မိခင်ကုမ္ပဏီဖြစ်သည့် Aeroflot Group သည် ပြည်တွင်း၌ တည်ဆောက်မည့် လေယာဉ် ၃၃၉ စင်း ဝယ်ယူရန်အတွက် ပြည်တွင်းလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ United Aircraft Corporation (UAC) နှင့် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။

 

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော အဆိုပါ သဘောတူညီချက်တွင်  

  • မင်းလမ်းတစ်ခုတည်း ပါသည့် ခရီးသည်တင်လေယာဉ် Irkut MC-21 ၂၁၀ စီး၊  

  • အလယ်အလတ်တန်းစား ကိုယ်ထည်ကျဉ်းလေယာဉ် Sukhoi Superjet New ၈၉ စီးနှင့်

  •  Tupolev Tu-214 ၄၀ စီး

တို့ ပါဝင်သည်။

 

"ယနေ့ ကျွန်‌တော်တို့ Aeroflot ရဲ့ မကြာသေးသည့် သမိုင်းမှာ ပြည်တွင်းလေယာဉ်များ ဝယ်ယူမှုရန် အကြီးမားဆုံး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်" ဟု Aeroflot အထွေထွေညွှန်ကြားရေးမှူး Sergey Alexandrovsky က ပြောသည်။

 

ပို့ဆောင်ရေးသည် ၂၀၂၃ ခုနှစ်တွင် လေယာဉ်များ စတင် ရရှိရန်မျှော်လင့်ရပြီး ၂၀၃၀ ခုနှစ်တွင်နောက်ဆုံးလေယာဉ်အုပ်စုကို ရရှိမည်ဟု  Aeroflot ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

UAC ၏ မိခင်ကုမ္ပဏီ Rostec မှ အထွေထွေဒါရိုက်တာ Sergey Chemezov က Boeing နှင့် Airbus လေယာဉ်များကို ရုရှားလေကြောင်းလိုင်းများသို့ မည်သည့်အခါမှ ပေးပို့တော့မည် မဟုတ်ဟု  ပြောကြားသည်။

သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်ကို ပြည်တွင်းထုတ် လေယာဉ်များဖြင့်သာ အစားထိုးမည်ဖြစ်သည်။

 

 MC-21 သည် မကြာမီတွင် Aeroflot လေယာဉ်စု၏ "ဂုဏ်ဆောင်လေယာဉ်" ဖြစ်လာမည်ဟု ယုံကြည်ကြောင်း Chemezov က ပြောကြားသည်။

 "လေယာဉ်အားလုံးကို သွင်းကုန်အစားထိုး အဖြစ်ဖြင့် ပေးအပ်ရမှာ ဖြစ်လို့ လေယာဉ်ပေါ်ပါ စနစ်များ၊ စက်ပစ္စည်းများဟာ ရုရှားပြည်တွင်းဖြစ် ဖြစ်ရပါမယ်" ဟု Chemezov က ပြောကြားသည်။

 လေယာဉ်အသစ်များ ပေးအပ်မည့် အစီအစဉ် အချိန်ဇယားအရ Sukhoi Superjet New ၂ စီးကို ၂၀၂၃ တွင် စတင်ရရှိမည် ဖြစ်သည်။ MS-21 ပထမအသုတ် ၆ စီးနှင့် Tu-214 ပထမအသုတ် ၇ စီးတို့ကို ၂၀၂၄ တွင် ရရှိမည် ဖြစ်ပါသည်။

Source : aerotime.aero

#MyanmarLogisticsGuide 

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(1 Vote)