ဆောင်းကာလ ရုရှားရေနံ သယ်ရန် ရေခဲအတန်းအစား ရေနံတင်သင်္ဘောများ အရောင်းအဝယ် များနေ
ရုရှားရေနံအတွက် ချာတာရထားသော သင်္ဘောပိုင်ရှင်များသည် ယခုဆောင်းရာသီတွင် ရုရှားရေနံများကို ပို့ဆောင်ရန်အတွက် ရေခဲအတန်းအစား ရေနံတင်သင်္ဘော Ice-Class Tanker များကို လိုက်လံဝယ်ယူနေကြသည်။
ရေခဲအတန်းအစား ရေနံတင်သင်္ဘော Ice-Class Tanker များသည် ရေခဲနေသော ပင်လယ်မျက်နှာပြင်တွင် သွားလာနိုင်အောင် ကြံ့ခိုင်မှု ပြည့်ဝသော သင်္ဘောများ ဖြစ်ပါသည်။
မေလမှ ဩဂုတ်လအထိ ကာလအတွင်း တစ်ပတ်ရစ် ရေခဲအတန်းအစား ရေနံတင်သင်္ဘောများ ကန်ဒေါ်လာ ၁ ဘီလီယံဖိုးခန့် အရောင်းအဝယ် ဖြစ်ခဲ့သည်ဟု လန်ဒန်မြို့မှ သင်္ဘောအရောင်းအဝယ် ပွဲစားလုပ်ငန်း E.A. Gibson Shipbrokers Ltd. က ဆိုသည်။
"ယခုဆောင်းရာသီမှာ ရုရှားေရနံပို့ကုန်များ သယ်ဖို့ ရည်ရွယ်ထားတဲ့ ကုမ္ပဏီများအနေဖြင့် ရေခဲအတန်းအစား ရေနံတင်သင်္ဘောများ လိုအပ်လိမ့်မယ်" ဟု သင်္ဘောပွဲစားလုပ်ငန်း သုတေသနဌာနမှူး Richard Matthews က ပြောကြားသည်။
၂၀၂၂ မေလမှ ဩဂုတ်လအတွင်း တစ်ပတ်ရစ်ရေခဲအတန်းအစား ရေနံတင်သင်္ဘော ၄၂ စီး ရောင်းချခဲ့ကြောင်း Matthews က ပြောကြားသည်။ စုစုပေါင်း သယ်ဆောင်နိုင်သည့် ကုန်တန်ချိန်မှာ ၄ သန်းခန့် ဖြစ်ပါသည်။ သင်္ဘောအများစုမှာ ရေနံစိမ်းတင်သည့် သင်္ဘောများ ဖြစ်သည်။
ဝယ်ယူသူများသည် တရုတ်၊ တူရကီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့မှ ကုမ္ပဏီများဖြစ်သည်ဟု Matthews က ဆိုသည်။
ယခုဆောင်းရာသီတွင် ရုရှဆိပ်ကမ်းများသို့ သွားရောက်ရန် အကြောင်းမရှိသော်လည်း ရေခဲအတန်းအစား သင်္ဘော ပိုင်ဆိုင်ထားသည့် အချို့သော ကုမ္ပဏီများသည် ၎င်းသင်္ဘောကို ဈေးကောင်းရတုန်း ရောင်းချရန် ဝယ်လက်ကို ရှာဖွေနေကြသည်ဟု Matthews က ပြောကြားသည်။
Source gcaptain
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U