Tips

သင်္ဘောသား ငွေလွှဲ တစ်ဒေါ်လာ ကျပ် ၃,၀၀၀ နှုန်းဖြင့် လဲပေးမည်ဟု CB Bank ထုတ်ပြန်ကြေညာ

သင်္ဘောသား ငွေလွှဲ တစ်ဒေါ်လာ ကျပ် ၃,၀၀၀ နှုန်းဖြင့် လဲပေးမည်ဟု CB Bank ထုတ်ပြန်ကြေညာ

 

ပင်လယ်ကူးသင်္ဘောသားများ၏ လွှဲပို့ငွေများအတွက် CB Bank က တစ်အမေရိကန်ဒေါ်လာလျှင်  ကျပ် ၃,၀၀၀ နှုန်းဖြင့် လဲလှယ်ပေးနေကြောင်း အသိပေးကြေညာထားပါသည်။ 

အဆိုပါ ကြေညာချက်ကို ဖော်ပြအပ်ပါသည်။ 


ပင်လယ်ကူးသင်္ဘောသားများ၏ လွှဲပို့ငွေများအတွက် CB Bank က တစ်ဒေါ်လာ ကျပ် ၃,၀၀၀ နှုန်းဖြင့် လဲလှယ်ပေးနေပါပြီ!

ပင်လယ်ကူးသင်္ဘောသားများ၏ လစာငွေများကို CB Bank သို့ လွှဲပို့လာပါက အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃,၀၀၀ နှုန်းဖြင့် လဲလှယ်ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

သို့ဖြစ်ပါ၍ ပင်လယ်ကူးသင်္ဘောသားများအနေဖြင့် CB Bank ရှိ မိမိတို့၏ သင်္ဘောသားလစာအကောင့်များသို့ လွှဲပြောင်းပေးပို့ခြင်းဖြင့် ကောင်းမွန်သည့် ငွေလဲလှယ်နှုန်းကို ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 


Source CB Bank

#MyanmarLogisticsGuide

To join Telegram Channel  https://t.me/Guid4U

Read times
Rate this item
(0 votes)