Tips

ကွန်တိန်နာသင်္ဘောလိုင်း Maersk က gamer များကို အလုပ်လျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်

ကမ္ဘာ့ဒုတိယအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း Maersk  က gamer များကို အလုပ်လျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့ဒုတိယအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း  ဂိမ်းကစာသူများကို အလုပ်ခန့်ဖို့အတွက် အလုပ်လျှောက်ထားနိုင်ကြောင်း Twitter မှာ ကြေညာပါတယ်။

.

Maersk သည် ကုမ္ပဏီ၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်ရန် ကူညီပေးရန်အတွက် ဂိမ်းကစားသူများကို ငှားရမ်းခြင်းဖြင့် ၎င်းရဲ့ စွမ်းရည်အုပ်စုကို တစ်နည်းတစ်လမ်းဖြင့် မြှင့်တင်နိုင်ဖို့ gamer များကို အလုပ်လျှောက်ဖို့ ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။

.

Maersk ရဲ့ နည်းပညာ အကြီးအကဲ Angel Donchev က  Maersk ရုံးချုပ်တည်ရှိရာ ကိုပင်ဟေဂင် Copenhagen မြို့တွင် အားကစားပွဲတစ်ခုကို မကြာသေးမီက တက်ရောက်ခဲ့ပြီး Maersk ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ဂိမ်းဝါသနာအိုးများအတွက် ကြေညာပေးခဲ့ပါတယ်။

.

နည်းပညာ ပို၍ ပို၍ အရေးပါလာချိန်မှာ gamer များထံမှာ လုပ်ငန်းခွင်တွင် အသုံးချနိုင်သော လိုအပ်ချက်အရ ကျွမ်းကျင်မှုများ ရရှိအောင် လုပ်ကိုင်နိုင်စွမ်း  ရှိကြကြောင်း Donchev က ပြောကြားပါတယ်။ Donchev က သူ့ရဲ့ သက်မွေးဝမ်းကျောင်းကို ဂိမ်းဖြင့်စတင်ခဲ့သူဖြစ်ကြောင်း ပြောကြားပါတယ်။

.

“ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ အရမ်းအရေးကြီးတဲ့အပြင် လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ အရည်အချင်းတွေကို ဂိမ်းကစားခြင်းက ဖွံ့ဖြိုးစေတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ သူက ပြောကြားပါတယ်။

"လူအများ အထူးသဖြင့် မိဘများက ဂိမ်းကစားတာကို အထင်သေးကြပါတယ်။ ကျွန်တော်က ကလေး ၂ ယောက်ရဲ့ ဖခင်ပါ။ ဒီတော့ ကျွန်တော် ကိုယ်တိုင်ကလည်း ဂိမ်းကစားတာကို အမြဲတစေတော့ ကောင်းတယ်လို့ မမြင်မိပါဘူး။ မကောင်းဘူးလို့ ယူဆတဲ့ အချိန်အခါတွေ ရှိပါတယ်။ ဒါပေမဲ့ တစ်ခုခုကို ကောင်းကောင်းတတ်မြောက်ဖို့ တစ်နေ့ပြီးတစ်နေ့ ဇွဲရှိရှိ လေ့ကျင့်တဲ့ အရည်အချင်း gamer မှာတွေမှာ ရှိနေတာဟာ လိုအပ်တဲ့အရာတစ်ခုပါပဲ” လို့ Maersk ရဲ့ လူမှုကွန်ရက်မှာ တင်တဲ့ ဗီဒီယိုမှာ Donchev က ပြောပြထားပါတယ်။

များပြားလှတဲ့ ဒေတာပမာဏကို အချိန်နှင့်တပြေးညီ လျင်မြန်စွာ စဉ်းစားဆုံးဖြတ်နိုင်စွမ်း gamer တွေမှာ ရှိနေကြောင်း သူက ပြောကြားပါတယ်။ ၎င်း ဆုံးဖြတ်နိုင်စွမ်းက အသုံးတည့်ကြောင်း သူက ပြောကြားပါတယ်။

 ဂိမ်းများမှာ သတင်းအချက်အလက်များ အလျှံပယ် ဖြစ်နေတဲ့အထဲမှာ ဆုံးဖြတ်ချက်များ တစ်ခုပြီးတစ်ခု လျင်မြန်စွာ ချသွားနိုင်ဖို့အတွက်  မတူကွဲပြားတဲ့ သတင်းအချက်အလက်များကို ညှိနှိုင်းပေါင်းစပ်နိုင်စွမ်းရှိဖို့ လိုအပ်ကြောင်း သူက ပြောကြားပါတယ်။

"ယနေ့ကမ္ဘာမှာ သတင်းအချက်အလက်တွေ အများကြီးမှ အများကြီး ရှိနေပြီး ပွက်လောညံနေတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ဆိုတာ ဆူညံသံတွေထဲမှ လိုအပ်တဲ့ အချက်ပြအသံတွေကို ခွဲခြားပြီး ကွဲကွဲပြားပြား သိနိုင်စွမ်း မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က Maersk  ပူးပေါင်းဖို့ gamer တွေကို လုံးဝလုံးဝ လိုက်ရှာနေပါတယ်" လို့ Donchev က ပြောကြားပါတယ်။

အလုပ်လျှောက်ထားရန်လင့်

https://www.maersk.com/careers/vacancies?continent&category=Technology&country&searchText&limit=24

 

Twitter ကြေညာချက်လင့် 

https://twitter.com/Maersk/status/1593206731899043840?t=gyWOkIWXyYn0Ga1so3qvAg&s=19

 

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)