ကိုရီးယား VLCC သင်္ဘောအို ဈေးနှုန်း စံချိန်သစ်တင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ရေနံစိမ်းတင်သင်္ဘောများကို အရွယ်အစားအရ အတန်းအစား သတ်မှတ်ထားကြရာ၌ VLCC - very large crude carrier သည် တန်ချိန် ၂ သိန်းမှ ၄ သိန်းအထိ တင်နိုင်သော ရေနံစိမ်းတင် သင်္ဘောကြီးများကို ဆိုလိုပါသည်။
.
လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ၂၀၁၃ ခုနှစ်တွင် Hyundai Heavy မှာ တည်ဆောက်ခဲ့သည့် ရေနံစိမ်းတန်ချိန် ၃၁၄,၀၀၀ အထိ တင်ဆောင်နိုင်သော C. Passion VLCC ကို မည်သည့်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဈေးတည့်မည်ဆိုသည်ကို ဈေးကွက်ထဲမှာ စောင့်ကြည့်နေခဲ့ကြသည်။
.
ရောင်းချသူမှာ တောင်ကိုရီးယားမှ SK Shipping ဖြစ်ပါသည်။ စစချင်းတွင် အမေရိကန်ဒေါ်လာ ၆၃ သန်းဖြင့် ကမ်းလှမ်းမှုများ ရှိခဲ့ပြီး ယခု အမေရိကန်ဒေါ်လာ ၆၆ သန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ၎င်းဈေးနှုန်းသည် VLCC အရောင်းအဝယ်များအတွက် ဈေးနှုန်း စံချိန်သစ် ဖြစ်ပါသည်။ ဝယ်ယူသူမှာ တောင်ကိုရီးယားမှ Sinokor Merchant Marine Co., Ltd. - SMM ဖြစ်ပါသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် Sinokor သည့် သက်တမ်း ၁၂ နှစ်ရှိ တန်ချိန် ၂၉၈,၀၀၀ အထိ တင်ဆောင်နိုင်သော Athenian Success ကို ဂရိပိုင်ရှင်ထံမှ ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၄၂.၅ သန်းဖြင့် ဈေးတည့်ခဲ့ပါသည်။ Athenian Success ကို Hyundai Heavy မှာ တည်ဆောက်ခဲ့ပါသည်။
.
ဇန်နဝါရီလမှ စတင်၍ သက်တမ်း ၁၅ နှစ် အပိုင်းအခြားရှိ VLCC ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ပါသည်။ ထက်ဝက်နီးပါး မြင့်တက်ပါသည်။
.
ယခုနှစ်တွင် တစ်ပတ်ရစ် VLCC ၈၄ စီး အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ၎င်းVLCC များ၏ ပျမ်းမျှ သက်တမ်းမှာ ၁၅ နှစ် ဖြစ်ပါသည်။
Source: splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U