Tips

ထိုင်ခုံလက်တန်း တိပ်ကပ်သည့်ကိစ္စ AirAsia ရှင်းလင်းပြောကြား

ထိုင်ခုံလက်တန်း တိပ်ကပ်သည့်ကိစ္စ AirAsia ရှင်းလင်းပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

 

ထိုင်ခုံများ၏ လက်တန်းများတွင် တိပ်များကပ်ပြီး ဖုံးအုပ်ထားသည့် ဓာတ်ပုံများ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့သည်။ သို့လောသို့လော တွေးစရာ ဖြစ်နေခဲ့သည်။

 

လေယာဉ်အတွင်း သစ်မရခင်စပ်ကြား ဝါးပေါင်းကွပ်သည့် သဘောမျိုးဖြင့် လေယာဉ်အတွင်း ပြုပြင်မွမ်းမံထားခြင်းသာ ဖြစ်ပြီး ယာယီအားဖြင့် ဆောင်ရွက်ပေးထားခြင်း ဖြစ်သည်။ ဘေးအန္တရာယ် တစ်စုံတစ်ရာ မရှိပါကြောင်း AirAsia က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

 

Facebook အသုံးပြုသူ Edward Yong သည် တနင်္လာနေ့တွင် အဆိုပါ ဓာတ်ပုံများကို Facebook ပေါ်မှာ မျှဝေခဲ့ပြီးနောက် လေကြောင်းလိုင်း၏ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဓာတ်ပုံများတွင် AirAsia X  လေယာဉ်ထိုင်ခုံများ၏ လက်တန်းများတွင် အဝါရောင်တိပ်များ ကပ်ထားသည်ကို အတိုင်းသား မြင်တွေ့ကြရသည်။

၎င်းလေယာဉ်ခရီးစဉ်သည် ထိုင်ဝမ်နိုင်ငံ တိုင်ပေမှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ပျံသန်းသည့် ခရီးစဉ် D7379  ဖြစ်ပါသည်။

“ကျွန်တော် အရမ်း (ရှက်မိပါတယ်)။ နိုင်ငံခြားသားတွေက သူတို့ အရမ်း ဆုတ်ယုတ်နေတဲ့ တိုင်းပြည်ကို ရောက်သွားတော့မယ် လို့ တွေးမိကြမယ်" ဟု Edward Yong က ရေးသားထားသည်။

AirAsia X မှ အင်ဂျင်နီယာချုပ် Mr Alvin Tan က အဝါရောင် ဗီနိုင်းတိပ်ကို လေကြောင်းလိုင်း၏ လုပ်ငန်းလည်ပတ်မှုအပေါ် ထိခိုက်စေသည့် အပိုပစ္စည်းများ ပြတ်လပ်နေချိန်တွင် အသုံးပြုခဲ့ပြီး ယင်းကိစ္စသည် ဘေးကင်းလုံခြုံရေး ပြဿနာမဟုတ်ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်အတွင်း အလှမွမ်းမံရာတွင် အသုံးများသော ဗီနိုင်းတိပ်ကို ယာယီအားဖြင့် အသုံးပြုကာ လေယာဉ်ပျံသန်းမှု ခရီးစဉ်များ မဖျက်သိမ်းရအောင် စီမံဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း ပြောကြားသည်။

"ခရီးသည်တွေ လိုရာခရီး အချိန်မီရောက်စေဖို့ကို ဦးစားပေးခဲ့တာပါ" ဟု Mr Alvin Tan က ရှင်းပြသည်။

photo_2023-02-22_18-55-58.jpg

photo_2023-02-22_18-55-53.jpg

 photo_2023-02-22_18-55-49.jpg

 

"၂၀၂၂ ဩဂုတ်လမှာ အပိုပစ္စည်းတွေ မှာကြားထားတာ ပြီးခဲ့သောအပတ်မှာ ရောက်ရှိခဲ့ပါတယ်။ လေယာဉ်တွေမှာ ပြင်ပေးဖို့ လိုအပ်နေတဲ့ လက်တန်းတွေ အကုန်လုံး အားချင်း ပြုပြင်နေပါတယ်" ဟု သူက ပြောသည်။

Source CNA

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)