Tips

ကားတင်သင်္ဘောအသစ် ဇန်နဝါရီလအမှာစာ ၁၇ ခု အားလုံး တရုတ်သင်္ဘောကျင်းများရရှိ

ကားတင်သင်္ဘောအသစ် ဇန်နဝါရီလအမှာစာ ၁၇ ခု အားလုံး တရုတ်သင်္ဘောကျင်းများရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှ သင်္ဘောအသစ် တည်ဆောက်သည့် သင်္ဘောကျင်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် ကမ္ဘာတစ်ဝှမ်းမှ ကားနှင့် ထရပ်တင်သင်္ဘော  Pure Car and Truck Carrier (PCTC) အသစ် တည်ဆောက်ပေးရန်အတွက် အမှာစာ ၁၇ ခု အကုန်လုံးကို ရရှိခဲ့သည်။

 

ယခင်က PCTC အသစ်တည်ဆောက်ခြင်းကို ဂျပန်နှင့် တောင်ကိုရီးယားတို့မှ သင်္ဘောကျင်းများကသာ အမှာစာများ ရရှိနေကျ ဖြစ်ခဲ့ရာမှ ယခုအခါ တရုတ်နိုင်ငံမှ သင်္ဘောကျင်းများက ဇန်နဝါရီ အမှာစာ အားလုံးကို ရရှိလိုက်ခြင်း ဖြစ်သည်။ 

 

 ယူကေ အခြေစိုက် Clarkson Research မှ အချက်အလက်များအရ ၎င်းအမှာစာအသစ် ၁၇ ခု စုစုပေါင်းသည် တန်ချိန်စုစုပေါင်း ၅၁၀,၀၀၀ ရှိပြီး ကားစီးရေ ၁၅၂,၀၀၀ တင်ဆောင်နိုင်မည် ဖြစ်သည်။

 

တရုတ်ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများမှ ပြည်ပသို့ ကားတင်ပို့မှု များပြားနေသဖြင့် ကမ္ဘာ့ကားတင်သင်္ဘောဈေးကွက်တွင် ကားတင်သင်္ဘောများ မလုံမလောက် ဖြစ်နေသည်။

 

 စွမ်းအင်သစ် မော်တော်ယာဉ် new-energy vehicle (NEV)များကို တရုတ်နိုင်ငံမှ ပြည်ပသို့  တင်ပို့မှု များပြားလာသည့်အလျောက် PCTC လိုအပ်ချက်လည်း မြင့်မားလာသည်။ သို့ဖြစ်ရာ PCTC အသစ်များ တည်ဆောက်ရန် အမှာစာများ ပိုများလာချိန်တွင် တရုတ်သင်္ဘောကျင်းများက ဈေးကွက်ဝေစုကို ပိုမိုရယူနိုင်လိုက်ခြင်း ဖြစ်သည်။

 ရေကြောင်းပို့ဆောင်ရေးသတင်း မီဒီယာ chineseport.cn မှ ဆန်းစစ်ရေးမှူးချုပ် 

 Zheng Ping က တရုတ်နိုင်ငံမှ စွမ်းအင်သစ် မော်တော်ယာဉ်များ ပြည်ပတင်ပို့မှု တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားနေဦးမည် ဖြစ်သဖြင့် PCTC ဈေးကွက်သည့် လာမည့် ၃ နှစ်မှ ၅ နှစ်အထိ ဆတိုးဖြင့် ကြီးထွားလိမ့်မည်ဟု  Global Times သတင်းမီဒီယာသို့ပြောကြားခဲ့သည်။

နိုင်ငံပိုင်ကုမ္ပဏီကြီးဖြစ်သော China State Shipbuilding Corp (CSSC) သည် ဇန်နဝါရီလတွင် PCTC အမှာစာအားလုံး၏ ၅၀ ရာခိုင်နှုန်းနီးပါးကို ရရှိခဲ့သည်။

 

CSSC သည် ၂၀၂၁ ခုနှစ်မှစ၍ 7,000 မှ 9,200 ထိ သယ်ဆောင်နိုင်သော PCTC သင်္ဘော ၃၅ စင်း အသစ်တည်ဆောက်ရန်အတွက် အမှာစာများ လက်ခံရရှိထားပြီး ကမ္ဘာ့စျေးကွက်ဝေစု ၂၇ ရာခိုင်နှုန်းကို ရရှိထားပါသည်။

 

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ ပြည်ပသို့ ကားအစီးရေ ၃.၁၂ သန်း တင်ပို့ခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း  China Association of Automobile Manufactures မှ ထုတ်ပြန်သည့်  အချက်အလက်များအရ သိရသည်။

 

Source globaltimes

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)