Tips

ဟောင်ကောင်သင်္ဘောလိုင်း Anglo-Eastern သင်္ဘောများတွင် Starlink အင်တာနက် တပ်ဆင်

ဟောင်ကောင်သင်္ဘောလိုင်း Anglo-Eastern သင်္ဘောများတွင် Starlink အင်တာနက် တပ်ဆင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဟောင်ကောင်အခြေစိုက် သင်္ဘောလိုင်း  Anglo-Eastern က SpaceX ၏ ဂြိုဟ်တုဆက်သွယ်ရေး Starlink ဘရော့ဘန်းအင်တာနက်ဝန်ဆောင်မှုကို ကနဦးအနေဖြင့် သင်္ဘော ၁၂ စီးတွင် တပ်ဆင်မည်ဖြစ်ပြှီး ယခုနစ်အတွင်း သင်္ဘော အစီး ၂၀၀ကျော်တွင် ဆက်လက်တပ်ဆင်သွားမည် ဖြစ်သည်။

 

Anglo-Eastern Group ၏ စီမံခန့်ခွဲမှုအောက်တွင် သင်္ဘောအစင်း ၆၀၀ ကျော်နှင့် ကမ္ဘာတစ်ဝှမ်း သင်္ဘောသား ၂၇,၀၀၀ ကျော်ရှိသည့် ထိပ်တန်း သင်္ဘောစီမံခန့်ခွဲမှုကုမ္ပဏီတစ်ခုဖြစ်သည်။

"ကျွန်တော်တို့ရဲ့ သင်္ဘောတွေမှာ #StarlinkMaritime စတင်တပ်ဆင်ပါတယ်။  သင်္ဘောတစ်ဒါဇင်အတွက် ကနဦးအမှာစာအရ တပ်ဆင်တာ ဖြစ်ပါတယ်။ အမျိုးအစား မတူညီတဲ့ သင်္ဘောအမျိုးမျိုးမှာ တပ်ဆင်တာဖြစ်ပြီး ပြေးဆွဲတဲ့ ခရီးစဉ်တွေလည်း ကွဲပြားပါတယ်။ နောက်ထပ် အစီး ၂၀၀ ကျော်မှာ ယခုနှစ်အတွင်း မတပ်ဆင်ခင် အရင်စမ်းသပ်သုံးစွဲကြည့်မှာ ဖြစ်ပါတယ်" ဟု ကုမ္ပဏီက ပြောကြားသည်။

  

 

ပြီးခဲ့သောနှစ်တွင် အပန်းဖြေခရီး အပျော်စီးသင်္ဘောကြီးများ အပါအဝင် ရေယာဉ်အချို့မှာ ပထမဆုံး အသုတ်အနေဖြင့် Starlink တပ်ဆင်မှုများ စတင်ခဲ့ပါသည်။ 

 

"နေ့ချင်းညချင်းမှာ အဲဒီသင်္ဘောတွေက ရုံးတွေ၊အိမ်တွေမှာ အင်တာနက် ချိတ်ဆက်ထားသလိုမျိုး အင်တာနက် ရသွားကြတယ်။ သင်္ဘောသားများအား သူငယ်ချင်းများနှင့် မိသားစုထံ မကြုံစဖူး အင်တာနက် အဆက်အသွယ် ရသွားစေတယ်။ သင်္ဘောနှင့် ကုန်းပေါ်မှ ရုံးများနှင့်လည်း အင်တာနက် အဆက်အသွယ် မပြတ်စတမ်း ရသွားပါတယ်" ဟု Anglo-Eastern မှ စီအိုင်အို Torbjorn Dimblad က ပြောကြားသည်။

Source gcaptain 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)