နှစ်ကုန်ဆုကြေး ၅၂ လခ ပေးခဲ့သော Evergreen က နှစ်လယ်ဆုကြေး တနင့်တပိုး ထပ်ပေးမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Evergreen Marine ၏ ရက်ရက်ရောရော ချီးမြှင့်မည့် နှစ်လယ် ဆုကြေးများအကြောင်း သတင်းကို ဆိုရှယ်မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေကြသည်။
ထိုင်ဝမ်သင်္ဘောကုမ္ပဏီ Evergreen Marine သည် ဝန်ထမ်းများအား ဆုကြေး တနင့်တပိုး ချီးမြှင့်ခြင်းကို ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဝန်ထမ်းများအား အများဆုံး လစာ ၅၂ လခနှင့် ညီမျှသော ဆုကြေး ပမာဏအထိ ပေးသည့် နှစ်ကုန်ဆုေကြးများကို ပြီးခဲ့သည့် ဒီဇင်ဘာလက ချီးမြှင့်ခဲ့ခြင်းအတွက် ဟိုးလေးတကျော် ဖြစ်ခဲ့သည်။
ယခု နှစ်လယ်ဆုကြေးအဖြစ် လစာ ၁၀ လခ၊ ၁၁ လခနှင့် ညီမျှသော ပမာဏရှိသည့် ဆုကြေးများအား ၂၀၂၂ ခုနှစ် စွမ်းဆောင်ရည်အတွက် ထပ်မံ ချီးမြှင့်ဦးမည် ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၂ အတွက် ရသည့် အများဆုံးဆုကြေးစုစုပေါင်းသည် လုပ်သက် ၅ နှစ်စာ လခများ စုစုပေါင်းထက် ကျော်လွန်သွားမည် ဖြစ်သည်။
ယခင်ဆုကြေးသတင်း
Evergreen အမြတ်အစွန်း မြင့်မားသဖြင့် လခ ၅၂ လစာအထိ နှစ်သစ်ကူးဆုကြေးပေး
https://www.logisticsguide.com.mm/en/industry-news/container/226878
ကုမ္ပဏီသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်အတွက် စံချိန်တင် အသားတင် အမြတ်ငွေ ထိုင်ဝမ်ဒေါ်လာသစ် ၃၃၄.၂ ဘီလီယံ ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂၀၂၁ ခုနှစ်ထက် ၄၀% နီးပါး ပိုများပါသည်။
၂၀၂၁ ခုနှစ်တွင်လည်း Evergreen Marine ကုမ္ပဏီသည် လစာ ၄၀ လခ နှင့်ညီမျှသော ပမာဏကို နှစ်ကုန်ဆုကြေး ချီးမြှင့်ခဲ့ပြီး ထိုင်ဝမ်ကုမ္ပဏီများမှ ချီးမြှင့်ဖူးသမျှ အမြင့်ဆုံး ဆုကြေးငွေအဖြစ် စံချိန်တင်ခဲ့ပါသည်။
ကုမ္ပဏီ၏ ပျမ်းမျှလစာမှာ ထိုင်ဝမ်ဒေါ်လာ ၆၀,၀၀၀ (US$1,950) ဝန်းကျင်ဖြစ်သည်။
Source straittimes
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U