မီသနောလောင်စာသုံး ကွန်တိန်နာသင်္ဘောအသစ် အမှာစာများ ပိုမိုများပြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကွန်တိန်နာသင်္ဘောအသစ်များ မှာကြားရာတွင် မီသနောလောင်စာသုံး ကွန်တိန်နာသင်္ဘောများ ပိုမိုများပြားလာသည်ကို တွေ့ကြရသည်။
.
Alphaliner ၏ အဆိုအရ ပြီးခဲ့သည့် ခြောက်လအတွင်း မီသနောလောင်စာသုံး ကွန်တိန်နာသင်္ဘော အမှာစာများသည် LNG လောင်စာသုံး ကွန်တိန်နာသင်္ဘော အမှာစာ အရေအတွက်ထက် ပိုများလာခဲ့သည်။
သမားရိုးကျ လောင်စာဆီသုံး ကွန်တိန်နာသင်္ဘော အမှာစာသည် ၈% မျှသာ ရှိသည်။
.
LNG နှင့် သမားရိုးကျ လောင်စာဆီ ၂ မျိုးသုံး ကွန်တိန်နာသင်္ဘော အမှာစာများနှင့် မီသနောနှင့် သမားရိုးကျ လောင်စာဆီ ၂ မျိုးသုံး ကွန်တိန်နာသင်္ဘော အမှာစာများသည် ၄၀% ရှိသည်။
.
မီသနောလောင်စာသုံး ကွန်တိန်နာသင်္ဘော အမှာစာများသည် ၁၂ % ရှိသည်။ သင်္ဘောအရေအတွက်မှာ ၆၈ စင်း ရှိသည်။ စုစုပေါင်း teu ၀.၉၃ သန်း ရှိသည်။ ယမန်နှစ်က ၁% မပြည့်ခဲ့ချေ။
.
“ ကွန်တိန်နာသင်္ဘောလိုင်းတွေက စွမ်းအင်အကူးအပြောင်းအတွက် သူတို့ရဲ့ရေယာဉ်စုတွေကို လောင်စာအမျိုးအစား ပြောင်းလဲပေးဖို့အတွက် ငွေကုန်ကြေးကျ ကြီးမားတာကို အကုန်အကျခံပြီး ကွန်တိန်နာသယ်ယူပို့ဆောင်ရေးမှာ 'အစိမ်းရောင်တော်လှန်ရေး' ကို အခိုင်အမာ လုပ်ဆောင်နေကြပြီဆိုတာ ကိန်းဂဏန်းတွေက ပြသနေပါတယ်" ဟု Alphaliner က အပတ်စဉ် အစီရင်ခံစာတွင် တင်ပြထားသည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U