Evergreen Airways EVA Air က Boeing 787 Dreamliners ၁၁ စင်း အပြင် ၅ စင်း ထပ်တိုး၀ယ်ယူမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်ဝမ် လေကြောင်းလိုင်း EVA Air သည် ၎င်း၏ Dreamliner လေယာဉ်စီးရေကို ဆက်လက် တိုးချဲ့လျက်ရှိသည်။
"EVA" သည် Evergreen Airways ကို ဆိုလိုသော EVA Airways Corporation သည် ထိုင်ဝမ်နိုင်ငံ ထိုင်ပေအနီးရှိ Taoyuan International Airport တွင် အခြေစိုက်ပြီး ပျံသန်းပြေးဆွဲသော ထိုင်ဝမ် နိုင်ငံတကာ လေကြောင်းလိုင်းဖြစ်ပြီး အာရှ၊ ဩစတေးလျ၊ ဥရောပ၊ မြောက်အမေရိက ခရီးစဉ်များ ပုံမှန်ပျံသန်းပြေးဆွဲလျက် ရှိသည်။
၁၉၈၉ ခုနှစ်တွင် EVA Air အမည်ဖြင့် လေကြောင်းလိုင်းကို ထူထောင်ခဲ့ပြီး ရာနှုန်းပြည့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းဖြစ်ပြီး ကွန်တိန်နာသင်္ဘောလိုင်း Evergreen Marine Corporation ၏ မိခင်လုပ်ငန်း အတူတူဖြစ်သည်။ Evergreen Group ၏ လေကြောင်းနှင့် ရေကြောင်း လုပ်ငန်းကဏ္ဍများ ဖြစ်ကြပါသည်။
EVA Air က Boeing 787 Dreamliners ငါးစီးကို ၀ယ်ယူမည်ဟု ကြေညာခဲ့သည်။
ထိုင်ဝမ်လေကြောင်းလိုင်းသည် ကိုယ်ထည်အကျယ် အမျိုးအစား ၁၀ စီးကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။
Reuters သတင်း၏အဆိုအရ EVA Air နှင့် Boeing အကြား သဘောတူညီမှုသည် စာရင်းပေါက်ဈေးဖြင့် ကန်ဒေါ်လာ ၁.၇၈ ဘီလီယံတန်ဖိုးရှိသည်။ သို့သော် လေကြောင်းလိုင်းများသည် စာရင်းပေါက်ဈေးအတိုင်း အပြည့်ပေးပြီး ဝယ်ယူလေ့ မရှိပေ။ မည်ရွေ့မည်မျှ ဈေးလျှော့ပေးလိုက်သည်ကိုလည်း Boeing က ထုတ်ပြန် အသိပေးလေ့ မရှိပေ။
EVA Air တွင် Boeing 787-9 ၄ စီး၊ Boeing 787-10 ၆ စီး ရှိသည်။ ၎င်းလေယာဉ် ၁၀ စီး၏ ခရီးသည် ထိုင်ခုံစုစုပေါင်းမှာ ၇,၀၃၀ ခု ဖြစ်ပါသည်။
EVA Air သည် Dreamliner ၁၁ စင်းကို မှာကြားထားပြီး ဖြစ်သည်။ ယခု ၅ စင်း ထပ်တိုး မှာကြားခြင်း ဖြစ်သည်။
EVA Air သည် ပထမဆုံး Boeing 787 ကို အငှားစာချုပ်ဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် စတင်ရရှိခဲ့သည်။ မှတ်ပုံတင် အမှတ်မှာ B-17881 ဖြစ်ပါသည်။ ၅ စင်း ငှားရမ်းခဲ့ရာ၌ ပထမဆုံး ရရှိသည့် လေယာဉ် ဖြစ်ပါသည်။
၄ စီးကို ဝယ်ယူခဲ့ပြီး နောက်ဆုံး ရောက်ရှိခဲ့သည့် လေယာဉ် မှတ်ပုံတင် အမှတ်မှာ B-17807 ဖြစ်ပြီး ၂၀၂၀ စက်တင်ဘာလတွင် လက်ခံရယူခဲ့ပါသည်။
EVA Air တွင် Boeing 777 ၄၂ စီး၊ Airbus A330 ၁၂ စီးတို့လည်း ပျံသန်းပြေးဆွဲလျက် ရှိသည်။ ထို့ပြင် ကိုယ်ထည်အကျဉ်း Airbus A321 ၁၉ စီးလည်း ပျံသန်းပြေးဆွဲလျက် ရှိသည်။
ထိုင်ဝမ်၏ ဒုတိယအကြီးဆုံး လေကြောင်းလိုင်း EVA Air သည် ဖေဖော်ဝါရီလတွင် အရောင်းဝင်ငွေ ထိုင်ဝမ်ဒေါ်လာ ၁၂.၈၈ ဘီလီယံ (ကတ်ဒေါ်လာ ၄၂၀ သန်း) ရရှိခဲ့ပါသည်။
ဥရောပ ခရီးစဉ်များနှင့် မြောက်အမေရိက ခရီးစဉ်များထံမှ လေယာဉ်လက်မှတ် အရောင်းဝင်ငွေ အထူးတလည် မြင့်မားခဲ့သည်။ သို့ဖြစ်ရာ ခရီးရှည်ပျံသန်းနိုင်သည့် ခေတ်ပေါ်လေယာဉ်များအတွက် ရင်းနှီးမြှုပ်နှံမှု ပြုပါသည်။
EVA Air
IATA/ICAO Code:
BR/EVA
Airline Type:
Full Service Carrier
Hub(s):
Taoyuan International Airport
Year Founded:
1989
Alliance:
Star Alliance
CEO:
Chen Hsien-Hung
Country:
Republic of China
Source: Reuters; ch-aviation.com; Cirium
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U