ကားတင်သင်္ဘော ခေတ်ကောင်းချိန်မှာ Klaveness Marine ကားတင်သင်္ဘောကဏ္ဍမှ ထွက်ခွာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Klaveness Marine သည် Norwegian Car Carriers (NOCC) တွင် ၎င်း၏ ရှယ်ယာများကို ရောင်းချခြင်းဖြင့် မော်တော်ယာဉ် ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍမှ နုတ်ထွက်လိုက်သည်။
Tom Erik Klaveness နှင့် သူ့မိသားစုမှ ထိန်းချုပ်ထားသော ပုဂ္ဂလိကကုမ္ပဏီသည် NOCC ၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို အမေရိကန်ဘဏ်လုပ်ငန်းကြီး JP Morgan သို့ ကန်ဒေါ်လာ ၉၆.၃ သန်းကျော် ဈေးဖြင့် ရောင်းချခဲ့သည်။
"ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံထားတာ ၁၀ နှစ်ကျော်ပါပြီ။ အခုအချိန်က ရှယ်ယာတွေ ပြန်ရောင်းထုတ်ဖို့ အချိန်ကောင်းပဲ" ဟု Klaveness Marine အမှုဆောင်အရာရှိချုပ် Jon Christian Syvertsen က ပြောကြားသည်။
NOCC ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ကားတင်သင်္ဘောသုံးစင်းဖြင့် ပြေးဆွဲနေသည်။ ၎င်းကားတင်သင်္ဘောသုံးစင်းတွင် နှစ်စင်းကို NOCC က အပြည့်အဝ ပိုင်ဆိုင်သည်။
နော်ဝေးနိုင်ငံ အောမစလိုမြို့ အခြေစိုက် Norwegian Car Carriers (NOCC) တွင် 50/50 အချိုးတူ JP Morgan နှင့်အတူ Klaveness Marine က ရင်းနှိးမြှုပ်နှံခဲ့သည်။ ယခုအခါ NOCC ကို JP Morgan ကဘအပြည့်အဝ ပိုင်ဆိုင်သွားပြီ ဖြစ်သည်။
Klaveness Marine သည် LNG တင် သင်္ဘော ၃ စင်းကို Knutsen OAS Shipping နှင့်အတူ ရင်းနှီးမြှုပ်နှံခဲ့သည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U