Tips

ကမ္ဘာ့ကွန်တိန်နာသင်္ဘောကဏ္ဍ ၂၀၂၃ တွင် အမြတ် ဒေါ်လာ ၄၃.၂ ဘီလီယံရမည် ခန့်မှန်း

ကမ္ဘာ့ကွန်တိန်နာသင်္ဘောကဏ္ဍ ၂၀၂၃ တွင် အမြတ် ဒေါ်လာ ၄၃.၂ ဘီလီယံရမည် ခန့်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာ့ကွန်တိန်နာသင်္ဘောကဏ္ဍ ဘဏ္ဍာရေး ကြိုတင်ခန့်မှန်းချက်မှာ ယုံကြည်စိတ်ချရသောရင်းမြစ်တစ်ခုဖြစ်သည့် Blue Alpha Capital မှ John McCown က ထုတ်ပြန်သည့် ၃ လပတ် အစီရင်ခံစာမှာ ယခုနှစ် ၂၀၂၃ မှာ ကမ္ဘာ့ကွန်တိန်နာသင်္ဘောကဏ္ဍ စုစုပေါင်း  ဝင်ငွေ ကန်ဒေါ်လာ ၃၂၇ ဘီလီယံ ရရှိမည်ဖြစ်ပြီး အသားတင်ဝင်ငွေ ကန်ဒေါ်လာ ၄၃.၂ ဘီလီယံ ရရှိမည်ဟု ဖော်ပြထားပါသည်။ ၎င်းပမာဏသည် ၂၀၂၂ စံချိန်တင်အမြတ်ပမာဏထက် ၈၀% လျော့ကျပါသည်။

.

"တော်တော်များများက ကျွန်တော့ ကိန်းဂဏန်းတွေက  အရမ်းများနေတယ်လို့ ထင်ကြလိမ့်မယ်၊ နည်းပါးလွန်းတယ်လို့ ထင်တဲ့သူ အတော်နည်းမယ်' ဟု McCown က ပြောကြားသည်။

.

ကမ္ဘာ့ကွန်တိန်နာသင်္ဘောကဏ္ဍ၏ ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ သုံးနှစ်တာကာလ အတိုးနှင့် အခွန်များ မနုတ်ပယ်ခင်ဝင်ငွေများ earnings before interest and taxes (EBIT) စုစုပေါင်းသည် လွန်ခဲ့သည့် ၆၃ နှစ် ကွန်တိန်နာသမိုင်းတစ်လျှောက် ရခဲ့သည့် EBIT စုစုပေါင်းထက် ပိုများခဲ့ပါသည်ဟု Sea-Intelligence က ဆိုသည်။

ယူကေမှ အတိုင်ပင်ခံလုပ်ငန်း Drewry က ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ကွန်တိန်နာသင်္ဘောကဏ္ဍသည် အမြတ် ၁၅ ဘီလီယံ ရမည်ဟု ခန့်မှန်းသည်။

 Source splash247

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)