Tips

မလေးရှားလေကြောင်းလိုင်းနှင့် စင်ကာပူလေကြောင်းလိုင်းတို့ ပေါက်ဖွားခဲ့ရာ မာလာယန်လေကြောင်းလိုင်း

မလေးရှားလေကြောင်းလိုင်းနှင့် စင်ကာပူလေကြောင်းလိုင်းတို့ ပေါက်ဖွားခဲ့ရာ မာလာယန်လေကြောင်းလိုင်း 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Singapore Airlines နှင့် Malaysia Airlines နှစ်ခုစလုံးသည်  ယခုအခါ ကာလကြာရှည်စွာ မေ့ထားခဲ့သော  Malayan Airways မှ ပေါက်ဖွားခဲ့ကြသည်။

မာလာယန်လေကြောင်းလိုင်းကို ၁၉၃၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်တွင် ထူထောင်ခဲ့ပြီး ရုံးချုပ်ကို စင်ကာပူနိုင်ငံ Raffles Place တွင် ထားရှိသည်။

စစချင်းတွင် မာလာယန်လေကြောင်းလိုင်းသည် စင်ကာပူ-ပီနန် ခရီးစဉ်ကိုသာ ပျံသန်းခဲ့သည်။

တစ်ဆယ်နှစ်ကြာပြီးနောက် ၁၉၄၇ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့် Ipoh မြို့များကို ၎င်း၏လမ်းကြောင်းကွန်ရက်တွင် ထည့်သွင်းပျံသန်းခဲ့သည်။

၁၉၄၈ ခုနှစ် နွေဦးပေါက်တွင် Malayan Airways သည် အင်ဂျင်နှစ်လုံးတပ် Airspeed Consul လေယာဉ်ဖြင့် စင်ကာပူမှ ဗီယက်နမ်နိုင်ငံမှ ဟိုချီမင်း၊ အင်ဒိုနီးရှားနိုင်ငံမှ ဂျာကာတာ၊ မဒမ်၊ ပါလင်ဘန်း နှင့် ထိုင်းနိုင်ငံမှ ဘန်ကောက် မြို့များသို့ ပျံသန်းခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် Malayan Airways လျင်မြန်စွာ ကြီးထွားလာသည်။

၁၉၆၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် Borneo Airways Limited နှင့် ပေါင်းစည်းခဲ့ပြီး မလေးရှား-စင်ကာပူလေကြောင်းလိုင်း Malaysia–Singapore Airlines ကို ထူထောင်လိုက်သည်။

ထိုစဉ်က စင်ကာပူသည် မလေးရှားနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်သည်။ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင် ကွာခြားသဖြင့် စင်ကာပူသည် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်တွင် မလေးရှားမှ ခွဲထွက်လိုက်ပြီး စင်ကာပူနိုင်ငံ ထူထောင်သည်။

ထိုအခါ၌ "Malaysia–Singapore Airlines (MSA)" ကို မလေးရှားနှင့် စင်ကာပူ ၂ နိုင်ငံစလုံးက ပိုင်ဆိုင်သည်။

မလေးရှား အစိုးရက မလေးရှားနိုင်ငံသားများ ပြည်တွင်းခရီးသွားလာရေးအတွက် ပြည်တွင်းခရီးစဉ်များကို အာရုံစိုက်စေလိုသည်။

စင်ကာပူသည် ပြည်တွင်းခရီးစဉ် မလိုအပ်သဖြင့် ပြည်ပခရီးစဉ်ကို လုပ်ကိုင်လိုသည်။

၁၉၇၂ ခုနှစ်တွင် MSA ကို Malaysian Airline System Berhad နှင့် Singapore Airlines နှစ်ခုခွဲလိုက်သည်။

.

Malaysian Airline System Berhad သည် နောင်တစ်ချိန်တွင် Malaysia Airlines ဖြစ်လာသည်။

 

MSA မှာ ရှိနေသည့် လေယာဉ်များကို ခွဲဝေကြသည်။

Singapore Airlines က နိုင်ငံတကာခရီးစဉ်များ ပျံသန်းရန် MSA တွင် ရှိသည့် Boeing 707 လေယာဉ်များ၊ Boeing 737 လေယာဉ်များ အကုန်လုံးကို ရယူသည်။

Malaysian Airline System က ပြည်တွင်းခရီးစဉ်များ ပျံသန်းမည်ဖြစ်ရာ Fokker F27 Friendship လေယာဉ်များ နှင့် Britten-Norman BN-2 Islander လေယာဉ်များ အားလုံးကို ရယူသည်။

 .

Singapore Airlines သည် အောင်မြင်မှု ရရှိသည်။

Malaysian Airlines သည် အရှုံးပေါ်‌ေနခဲ့သည်။ အမြတ်မရသည့် ခရီးစဉ်များ ဖျက်သိမ်းခြင်း၊ လေယာဉ်အစီးရေ လျှော့ချခြင်း၊ လေကြောင်းလိုင်းကို ပြန်လည်ဖွဲ့တည်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အမြတ်ရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါသည်။

Source simpleflying 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)