ကိုရီးယားမှ လေကြောင်းလိုင်းများ နောက်လတွင် လေယာဉ်လက်မှတ်ခ ဈေးနှုန်း လျှော့ချပေးမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကိုရီးယားမှ လေကြောင်းလိုင်းများသည် လေယာဉ်ဆီဈေးနှုန်းများ ကျဆင်းမှုနှင့်အတူ နိုင်ငံတကာလမ်းကြောင်းများတွင် လောင်စာဆီဖိုး အပိုဆောင်း ကောက်ခံမှုကို ၂၀၂၃ ဇွန်လတွင် လျှော့ချသွားမည်ဖြစ်သည်။
,
ခရီးဝေး နိုင်ငံတကာ လမ်းကြောင်းများအတွက် တစ်ကြောင်းသွား one-way လက်မှတ်များအတွက် အပိုကြေးများကို ဇွန်လတွင် အများဆုံး ဝမ် ၁၀၇,၈၀၀ ($81.14) ဖြင့် သတ်မှတ်မည်ဖြစ်ပြီး ယခု လက်ရှိ မေလမှာထက် လျော့ကျသွားသည်။
,
စည်းမျဉ်းသတ်မှတ်ချက်မှာ ဂျက်လေယာဉ်ဆီ စင်ကာပူပေါက်ဈေးသည် အကယ်၍ တစ်ဂါလံ $1.50 ကျော် ဈေးတက်ပါက ကိုရီးယားမှ လေကြောင်းလိုင်းများကို လောင်စာဆီဖိုး အပိုဆောင်း ကောက်ခံရန် ခွင့်ပြုထားသည်။ ပျံသန်းသည့် ခရီးစဉ်များ၏ ခရီးတာ အနီးအဝေးအရ အဆင့် ၃၃ ခု ခွဲခြားသတ်မှတ်ပေးထားသည်။
,
ဂျက်လေယာဉ်ဆီ ပျမ်းမျှဈေးနှုန်းသည် ဧပြီ ၁၆ ရက်မှ မေလ ၁၅ ရက်ကြားကာလအတွင်း စင်ကာပူတွင် တစ်ဂါလန်လျှင် ပျမ်းမျှ ၂၁၈.၁၃ ဒေါ်လာ ပေါက်ဈေးရှိခဲ့သည်။
,
ပြည်တွင်းခရီးစဉ်များအတွက် လောင်စာဆီဖိုး အပိုဆောင်းကြေးကို မေလမှာ ဝမ် ၉,၉၀၀ ကောက်ခံသည်။
,
ပျမ်းမျှ လေယာဉ်ဆီဈေးသည် တစ်ဂါလံလျှင် $1.20 ထက်ကျော်လွန်ပါက ပြည်တွင်းလမ်းကြောင်းများတွင် လောင်စာဆီဖိုး အပိုဆောင်းကြေးး ကောက်ခံခွင့် ရှိသည်။
Source Koreatimes
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U