Tips

Corendon Airlines က ထူးထူးခြားခြား ကလေးမစီးရဇုန် သတ်မှတ်ပေးထားမည်

Corendon Airlines က ထူးထူးခြားခြား ကလေးမစီးရဇုန် သတ်မှတ်ပေးထားမည် 

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ဥရောပမှ Corendon Airlines သည် အမ်စတာဒမ်နှင့် ကာရေဘီယံကျွန်းစုမဖှ Curacao တို့အကြား ၁၀ နာရီကြာ ပျံသန်းသည့် ခရီးစဉ်တွင် ကလေး မရှိ ဧရိယာကို စမ်းသပ်မည်ဖြစ်သည်။

 

ကလေး မရှိ ဧရိယာမှ ထိုင်ခုံများတွင် အရွယ်ရောက်ပြီးသူများသာ လိုက်ပါစီးနင်းခွင့် ရှိမည် ဖြစ်သည်။ ၎င်းဧရိယာတွင် စီးလိုပါက သာမန်ထိုင်ခုံအတွက် လေယာဉ်လက်မှတ်ခတွင် ၄၅ ယူရို ထပ်ဆောင်း ပေးရမည်။ ထိုင်ခုံအကြီး XL အတွက်  ယူရို  ၉၀ ထပ်ဆောင်းပေးရမည် ဖြစ်သည်။ 

 

Airbus A350-900 လေယာဉ်ဖြင့် ပြေးဆွဲမည် ဖြစ်ပြီး ရေ့ဘက်အကျဆုံး ခုံတန်း ၁၂ တန်းကို ကလေး မစီးရဇုန်အဖြစ် သတ်မှတ်ထားသည်။ သာမန်ထိုင်ခုံ ၄၃ ခုံ၊ ထိုင်ခုံအကြီး extra-large ထိုင်ခုံ ၉ ခုံ ထားရှိသည်။

၎င်းဇုန်ကို ခန်းဆီးဖြင့် ကာပေးထားသည်။

 အနည်းဆုံး အသက် ၁၆ နှစ်ပြည့်ပြီးသည့် ခရီးသည်များကိုသာ လက်ခံသည်။

 

ဆင်ဆင်တူသည့် အစီအစဉ်မျိုးကို AirAsia X တွင် တွေ့ရသည်။ တိတ်ဆိတ်ဇုန် quiet zone ထားရှိပြီး အသက် ၁၀ နှစ်အောက် ကလေးများ စီးခွင့် မရှိချေ။ 

စင်ကာပူမှ Scoot လေကြောင်းလိုင်းတွင် Scoot-in-Silence zone ထားရှိသည်။ အသက် ၁၂ နှစ် ပြည့်ပြီးသူများသာ စီးခွင့် ရှိသည်။

 

Corendon မှ ကလေး မစီးရဇုန် ပါသည့် ခရီးစဉ်ကို နိုဝင်ဘာလ ၃ ရက်တွင် စတင်ပျံသန်းပြေးဆွဲမည်။

 

Source BLOOMBERG

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)