တောင်ကိုရီးယား သင်္ဘောလိုင်း HMM ကို ဂျာမန် ကွန်တိန်နာသင်္ဘောလိုင်း Hapag-Lloyd က ဝယ်ယူရန် ကြိုးပမ်းမှု မအောင်မြင်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Hapag-Lloyd သည် တောင်ကိုရီးယား၏ အထင်ကရ သင်္ဘောလိုင်းဖြစ်သည့် HMM ကို ဝယ်ယူရန် အဆိုပြုထားသည်ကို ပယ်ချခံရသည်။
HMM ကို ဝယ်ယူရန် အဆိုပြုထားသည့် လုပ်ငန်း ၄ ခုတွင် Hapag-Lloyd တစ်ခုတည်းသာ ပြည်ပကုမ္ပဏီ ဖြစ်နေပြီး ပြည်ပကုမ္ပဏီ ဖြစ်နေသည့်အတွက် အပယ်ခံရသည်။
HMM ကို ပုဂ္ဂလိကပိုင်အဖြစ်သို့ ပြောင်းလဲရာတွင် HMM ကို ဘဏ္ဍာရေး ကျောထောက်နောက်ခံ ပြုပေးထားသည့် နိုင်ငံပိုင် ဘဏ်လုပ်ငန်းများ ဖြစ်ကြသည့် Korea Development Bank (KDB) နှင့် Korea Ocean Business Co (KOBC) တို့က Hapag-Lloyd ကို ပယ်ချခဲ့ကြသည်။
"HMM ကို Hapag-Lloyd သို့ ရောင်းချခြင်းသည် ကွန်တိန်နာ သယ်ယူပို့ဆောင်ရေးနှင့် တာမင်နယ်စနစ် စီမံခန့်ခွဲမှုကဲ့သို့သော ပင်လယ်ရေကြောင်း ထောက်ပံ့ပို့ဆောင်ရေး အသိပညာများ ဆယ်စုနှစ်များစွာ စုဆောင်းလာခဲ့သည့် ကိုရီးယားနိုင်ငံ၏ အဖိုးမဖြတ်နိုင်သော အမျိုးသားပိုင်ဆိုင်မှုများ ပြည်ပသို့ ပေါက်ကြားသွားစေနိုင်သည်" ဟု ကိုရီးယားရေကြောင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်နှင့် ဘူဆန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးကောင်စီတို့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ကိုရီးယားလိုင်း Pan Ocean ကို ထိန်းချုပ်သည့် Harim Group သည် တင်ဒါပြိုင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိက ရှယ်ယာကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းထားသည်။
တောင်ကိုရီးယားလုပ်ငန်းကြီး နှစ်ခုဖြစ်သည့် လော့ဂျစ္စတစ်လုပ်ငန်းကဏ္ဍမှ LX Holdings နှင့် Dongwon Group တို့ကလည်း အဆိုပြုထားကြသည်။
HMM ကို ကျောထောက်နောက်ခံပြုပေးထားကြသည့် ဘဏ်များက ယခုနှစ်ကုန်တွင် ပြီးပြတ်စေလိုသည်။
သို့ဖြစ်ရာ ရွေးချယ်ခံရသူကို နိုဝင်ဘာလ နောက်ဆုံးထားပြီး ကြေညာပေးမည်။
HMM သည် တောင်ကိုရီးယားတွင် အကြီးဆုံးသင်္ဘောကုမ္ပဏီဖြစ်သည်။
• ကွန်တိန်နာတင်သင်္ဘော ၈၈ စီး
• ဝမ်းပုံတင်သင်္ဘော ၅ စီး
• ဆီတင်သင်္ဘော ၁၀ စီး
• အလွန်လေးလံသည့် ဝန်တင်သင်္ဘော ၄ စီး
ရှိသည်။
ကားတင်သင်္ဘောအသစ် ၃ စီး မှာကြားထားပြီး တည်ဆောက်ဆဲ ဖြစ်သည်။
Source splash247
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL