ထိုင်းလေကြောင်းလိုင်း လေယာဉ်အသစ် ၉၅ စီး ဝယ်ယူမည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Thai Airways သည် ဂျက်လေယာဉ် အသစ် အစီး ၉၀ ကျော် ဝယ်ယူဖြည့်တင်းရန် Boeing နှင့် Airbus တို့နှင့် ဆွေးနွေးနေသည်။
လေကြောင်းခရီးသွားလာမှု ပိုများလာနေသည့်အတွက် လေယာဉ်များ ထပ်တိုးရန် စီစဉ်နေခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ အလံ သယ်ဆောင်သည့် လေကြောင်းလိုင်း Thai Airways သည် ဒေဝါလီခံပြီး တရားရုံး အကာအကွယ် ယူကာ အကြွေးများ အတိုးအရင်း ပြန်ပေးဆပ်မည့် အချိန်ဇယားအသစ် ပြင်ဆင်ရေးဆွဲထားသည်။
ယခင်က လေယာဉ်အသစ် အစီး ၃၀ ဝန်းကျင် ဖြည့်တင်းဖို့ လိုအပ်မည်ဟု တင်ပြခဲ့သည်။ ထို့နောက် ၉၅ စီးအထိ လိုအပ်မည်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။
ကိုယ်ထည်အကျဉ်း ၁၅ စီး၊ ကိုယ်ထည်အကျယ် အစီး ၈၀ မှာကြားမည် ဖြစ်သည်။
Thai Airways သည် ကြွေးမြီ ဘတ် ၄၀၀ ဘီလီယံ (ကန်ဒေါ်လာ ၁၁.၁၇ ဘီလီယံ) ရှိနေသည်။
၂၀၂၅ ခုနှစ် ပထမ၃ လပတ်တွင် စတော့အိပ်ချိန်းတွင် စာရင်းပြန်ဝင်မည်။
ယခုနှစ် ပထမ၃လပတ်တွင် အသားတင်အမြတ် ဘတ် ၂.၂ ဘီလီယံ (ကန်ဒေါ်လာ ၆၁.၈ သန်း) ရရှိခဲ့သည်။ ယမန်နှစ် ပထမ၃လပတ်တွင် အသားတင် အရှုံး ဘတ် ၃ ဘီလီယံ ရှိခဲ့သည်။
Source bangkokpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL