Tips

စိမ်းလန်းမီသနောကုမ္ပဏီ Maersk တည်ထောင်

စိမ်းလန်းမီသနောကုမ္ပဏီ Maersk တည်ထောင်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

ကမ္ဘာ့ပထမဆုံး မီသနောဖြင့် ခုတ်မောင်းသည့် ကွန်တိန်နာသင်္ဘောကို တောင်ကိုရီယားတွင် တည်ဆောက်ခဲ့ပြီး ဥရောပသို့ ဗွေဆော်ဦးခရီး နှင်ခဲ့ရာ စင်ကာပူတွင် မီသနော ဘန်ကာ ဝင်ယူခဲ့သည်။ 

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ အခြေစိုက် သင်္ဘောကုမ္ပဏီ A.P. Moller-Maersk မှ မှာကြားခဲ့သည့် ၎င်းကွန်တိန်နာသင်္ဘောအသစ်ကို "Laura Maersk" ဟု အမည်ပေး အခမ်းအနားကို ကိုပင်ဟေဂင်မြို့တွင် ကျင်းပခဲ့သည်။

စက်တင်ဘာ ၁၄ ရက်တွင် ကျင်းပခဲ့သော အဆိုပါ အခမ်းအနားတွင် Maersk က စိမ်းလန်းသော မီသနော "green methanol" ထုတ်လုပ်ရန် ကုမ္ပဏီအသစ် ထူထာင်မည်ဟု ပြောကြားခဲ့သည်။

 

Green methanol ကို ဇီဝလောင်စာမှဖြစ်စေ သို့မဟုတ် ဖမ်းယူထားသော ကာဗွန်နှင့် ဟိုက်ဒရိုဂျင်ကို အသုံးပြု၍လည်းကောင်း ထုတ်လုပ်မည်။

 

Maersk  ရှယ်ယာအများစုကို ပိုင်ဆိုင်သည့်  A.P. Moller Holding သည် စိမ်းလန်း မီသနော အမြောက်အမြား ထုတ်လုပ်ရန်  C2X အမည်ဖြင့် ကုမ္ပဏီအသစ် ထူထောင်ပါသည်။ အီဂျစ်နိုင်ငံ စူးအက်တူးမြောင်းတွင် စိမ်းလန်း မီသနောစက်ရုံ စီမံကိန်းကို အကောင်အထည် ဖော်မည်။ စပိန်နိုင်ငံ  Huelva ဆိပ်ကမ်းတွင်လည်း အလားတူ စီမံကိန်း တစ်ခု အကောင်အထည် ဖော်မည်။ နောက်နောင်တွင် အခြားဆီလျော်သည့် နေရာများတွင် စက်ရုံများ တိုးချဲ့ထူထောင်သွားမည်။

 

C2X တွင် A.P. Moller Holding က ရှယ်ယာအများစု ပိုင်ဆိုင်သည်။ Maersk က ၂၀% ပိုင်ဆိုင်သည်။

 

မီသနောကို လောင်စာအဖြစ် သုံးစွဲခြင်းသည် သမားရိုးကျ လောင်စာ သုံးစွဲခြင်းထက် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျော့နည်းသည်။ ကွန်တိန်နာသင်္ဘောများတွင် ၆၀%မှ ၉၅% အထိ လျော့နည်းသည်။ 

 

ယခုအခါ သင်္ဘောကျင်းများတွင် မီသနောသုံးသည့် ကွန်တိန်နာသင်္ဘော ၁၂၅ စီး ဝန်းကျင်ရှိသည်။

Maersk သည် မီသနောသုံးသည့် ကွန်တိန်နာသင်္ဘောအသစ် ၂၅ စီးကို သင်္ဘောကျင်းများတွင် မှာကြားထားပြှီးကမ္ဘာ့ပထမဆုံး  မီသနောသုံးသည့် ကွန်တိန်နာသင်္ဘောကို ဇူလိုင်လတွင် လက်ခံရရှိခဲ့သည်။ 

 

"ကျွန်တော်တို့က သင်္ဘောအားလုံး မီသနော သုံးမှာတော့ မဟုတ်ပါဘူး" ဟု Maersk စီအီးအို Vincent Clerc က ပြောကြားသည်။

အခြားနည်းပညာ ရှိမရှိ သုံးသပ်မည်ဖြစ်ကြောင်း၊ လာမည့် နှစ်အနည်းငယ်အတွင်းမှာ နောက်ထပ်နည်းပညာ ပေါ်ထွက်လာဖို့ ဖြစ်နိုင်ချေ အလွန်များကြောင်း Clerc က ပြောကြားသည်။

 

Laura Maersk သည် အလျား ၁၇၂ မီတာ ရှိပြီး ပေ ၂၀ ကွန်တိန်နာ အလုံးရေ ၂၁,၃၆ အထိ သယ်ယူနိုင်ပြီး ခရီးတို feeder အဖြစ် ပြေးဆွဲရန် စီစဉ်ထားသည်။

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)