ထိုင်းနိုင်ငံတွင် လေကြောင်းလိုင်း ၉ ခု လေကြောင်းအော်ပရေတာ လက်မှတ် လျှောက်ထား
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ထိုင်းနိုင်ငံတွင် စီးပွားဖြစ် ဝန်ဆောင်မှုများ လုပ်ကိုင်နိုင်ရန်အတွက် လေကြောင်းလိုင်း ကိုးခုသည် လေကြောင်း အော်ပရေတာလက်မှတ် air operator certificates (AOC) လျှောက်ထားသည်ဟု ထိုင်းနိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ Civil Aviation Authority of Thailand (CAAT) ဒါရိုက်တာ Suthipong Kongpool က ပြောကြားသည်။
၎င်းလေကြောင်းလိုင်း ၉ ခုမှာ
• Asian Aerospace Services Co Ltd
• Siam Seaplane Co Ltd
• Really Cool Airlines Co
• Avanti Air Charter
• M- Landarch Co Ltd
• Bangkok Helicopter Services Co Ltd
• Pattaya Airways Co Ltd
• Asia Atlantic Airlines
• P80 Air Ltd
တို့ ဖြစ်ပါသည်။
လျှောက်ထားသူများအား ထိုင်းနိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့မှ လေကြောင်း အော်ပရေတာလက်မှတ် ထုတ်ပေးရာတွင် ၎င်းတို့၏ လုပ်ငန်းအစီအစဉ်၊ ဘဏ္ဍာရေးအခြေအနေ၊ ဘေးကင်းရေးနှင့် ဝန်ဆောင်မှုစံနှုန်းများကို ထည့်သွင်းစဉ်းစားကြောင်း Mr Suthipong က ပြောကြားသည်။
လေကြောင်းလုပ်ငန်းကဏ္ဍသည်ထိုင်းနိုင်ငံတွင် Covid-19 မရောက်ရှိမီ အဆင့်သို့ ပြန်လည်ရောက်ရှိနေပြီဟု CAAT က ယုံကြည်သည်။
၂၀၂၃ ခုနှစ်တွင် နှစ်ကုန်အထိ လေယာဉ် လိုက်ပါစီးနင်းသူဦးရေ ၁၂၇ သန်းအထိ ရရှိလိမ့်မည်ဟု
မျှော်မှန်းထားသည်။
ပြည်တွင်း ခရီးသည် ၆၄.၄၃ သန်း၊ နိုင်ငံတကာ ခရီးသည် ၆၃.၀၃ သန်း ရှိမည်ဟု ခန့်မှန်းထားသည်။
ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်တွင် ခရီးသည် သန်း ၁၆၀ ရှိခဲ့သည်။
Source bangkokpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL