Trade Center

Thursday, 17 August 2023 03:30

ထိုင်းက ကုန်သွယ်မှုအတွက် ယွမ်နှင့် အာရှငွေကြေးများကို တိုးမြှင့် သုံးစွဲမည်

ထိုင်းနိုင်ငံက နိုင်ငံတကာနှင့် ကုန်သွယ်မှုများ ပြုလုပ်ရာတွင် တရုတ်ယွမ်ငွေနှင့် အခြား အာရှငွေကြေးများကို တိုးမြှင့် သုံးစွဲသွားမည် ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်က သြဂုတ်လ ပထမပတ်တွင် အသိပေး ထုတ်ပြန် ကြေညာခဲ့သည်။ လက်ရှိကာလတွင် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေအကြား လဲလှယ်မှုတန်ဖိုးမှာ ကွာဟချက် ကြီးမားလာနေသကဲ့သို့ အတက်အကျ အပြောင်းအလဲ ကြမ်းလွန်းသည့်အတွက်လည်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးများတွင် လက်ရှိ အသုံးများနေသည့် အမေရိကန်ဒေါ်လာအစား တရုတ် ယွမ်ငွေနှင့် အခြားအာရှငွေကြေးများကို တိုးမြှင့် သုံးစွဲရန် စီစဉ်နေကြောင်း ထိုင်းဗဟိုဘဏ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုင်းဘဏ် The Bank of Thailand-BOT သည် ငွေကြေးလဲလှယ်နှုန်း အန္တရာယ်ကို လျှော့ချရာတွင် အထောက်အကူ ဖြစ်စေရေးအတွက် ဒေသတွင်း ငွေကြေးများကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရန် မျှော်လင့်ထားသည်ဟု သိရသည်။ ထိုသို့ လုပ်ဆောင်ရခြင်းမှာ ဒေသတွင်းငွေကြေးများသည် ထိုင်းဘတ်နှင့် ငွေကြေးတန်ဖိုး ကွာဟမှု ကျဉ်းမြောင်းခြင်းကြောင့် ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူက ပြောဆိုထားသည်။ Advertisement Click Here > United Pacific ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ သုံးစွဲမှုကို လျှော့ချပြီး အခြားငွေကြေးများကို တိုးမြှင့် သုံးစွဲရန် ကြိုးပမ်းနေသည်မှာ ဆယ်စုနှစ်တစ်စု ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ယခု ၂၀၂၃ ခုနှစ် ပထမနှစ်ဝက် ကုန်လွန်ပြီးမှသာ အရှိန်အဟုန်တစ်ခုကို ရလာပြီ ဖြစ်ကြောင်း၊ ဗဟိုဘဏ်အချင်းချင်း စီစဉ် ဆောင်ရွက်မှုများနှင့် ဘဏ္ဍာရေးအခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှုများကလည်း အဆင်သင့်ရှိနေပြီ ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုင်းဗဟိုဘဏ်အနေဖြင့် တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့နှင့် ပြည်တွင်းငွေကြေး တိုးမြှင့် သုံးစွဲရေး ပူးပေါင်း လုပ်ဆောင်လျက် ရှိနေပြီး ယခု ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် သိသိသာသာ တိုးတက်လာတော့မည် ဖြစ်သည်ဟု ဆိုသည်။ တရုတ်နိုင်ငံ ယွမ်နှင့် ကုန်သွယ်ရေးအတွက် သဘောတူညီချက် အများအပြား ရရှိထားပြီ ဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံကလည်း ရူပီးကို တိုးမြှင့် အသုံးပြုရေးအတွက် လုပ်ဆောင်နေသည်။ ထို့အတူ ဘရာဇီး၊ အာဂျင်တီးနား စသည့် တောင်အမေရိကနိုင်ငံများကလည်း အမေရိကန်ဒေါ်လာအစား အခြားငွေကြေးများကို အစားထိုး အသုံးပြုနိုင်ရေး နည်းလမ်း‌များ ရှာဖွေလျက် ရှိကြောင်း သိရသည်။ Source : Bangkok Post

Thursday, 08 September 2022 10:28

ဂျာမနီနိုင်ငံဖရန့်ဖတ်မြို့၌ ကျင်းပပြုလုပ်မည့် Ambiente 2023 ကုန်စည်ပြပွဲ

Ambiente ကုန်စည်ပြပွဲသည် ဂျာမနီနိုင်ငံဖရန့်ဖတ်မြို့၌နှစ်စဉ် ဖေဖော်ဝါရီလတိုင်း Messe Frankfurt GmbH က စီစဉ်ကျင်းပသည့် လူ့အသုံးအဆောင်အမျိုးမျိုး (Household Goods, Glasswares, Ceramics) ပြသသော ထိပ်တန်းစာရင်းဝင် ကုန်စည်ပြပွဲကြီးဖြစ်သည်။ ပြပွဲသည် နှစ်စဉ်နိုင်ငံတကာမှလူသုံး၊ အိမ်သုံး၊ ကုန်ပစ္စည်းအမျိုးမျိုးပြသသူများနှင့် လာရောက်လေ့လာသူများတွေ့ ဆုံရာ ခေတ်မီပြပွဲစင်တာကြီးတစ်ခုဖြစ်ပြီး နိုင်ငံပေါင်းစုံမှ ပြခန်းများတွင်အိမ်တွင်းအလှဆင်ဒီဇိုင်းပုံစံများ ပရိဘောဂ အသုံးအဆောင်များနှင့် အလှဆင်ပြုပြင်မွမ်းမံခြင်းများပါဝင်သည့်အပိုင်း (Living, လက်ဆောင်ပစ္စည်း အမျိုးမျိုးနှင့် အသုံးအဆောင်ပစ္စည်းများ ပါဝင်သည့်အပိုင်း (Giving) အိမ်အသုံးအဆောင်နှင့် မီးဖိုဆောင်သုံးပစ္စည်း များ စုစည်းရာအပိုင်း (Dining) ဟူ၍ ခွဲခြားသတ်မှတ်ပြီး ခင်းကျင်းပြသခြင်းဖြစ်သည်။

Wednesday, 24 August 2022 03:24

တရုတ်နိုင်ငံ၌ကျင်းပပြုလုပ်မည့် နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာပါဝင်မည်

(၅)ကြိမ်မြောက်တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်း၀င်ကုမ္ပဏီများနှင့် လုပ်ငန်းနယ်ပယ်မှ ထိပ်တန်းကုမ္ပဏီ ၂၇၀ ကျော် ပါဝင်လက်မှတ်ရေးထိုးကြပြီး မြန်မာနိုင်ငံအပါအ၀င် နိုင်ငံ ၅၀ ကျော်က အွန်လိုင်းမှတစ်ဆင့် ပါဝင်ခင်းကျင်းပြသကြမည်ဖြစ်ကြောင်း တရုတ်သံရုံးမှသိရသည်။ လက်ရှိအချိန်တွင် (၅)ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲ ကျင်းပရေးဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ အဆိုပါကုန်စည်ပြပွဲသို့ နိုင်ငံတကာမှကုမ္ပဏီများ ပါ၀င်ကြပြီး စာချုပ်ချုပ်ဆိုထားသောပြပွဲဧရိယာမှာ စီစဉ်ထားသောဧရိယာ၏ ၉၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း သိရသည်။ ပြပွဲ၏ နည်းပညာဆိုင်ရာ စက်ပစ္စည်းပြပွဲဧရိယာတွင် ဉာဏ်ရည်တု သီးသန့်ဧရိယာကိုလည်း ထည့်သွင်းထားမည် ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။ Source : Myanma Alinn

Friday, 07 January 2022 07:16

တရုတ်-မြန်မာ မူဆယ်ဂိတ် ကုန်ကားတွေ ရာချီပိတ်ဆို့

တရုတ်-မြန်မာ မူဆယ်ဂိတ် ကုန်ကားတွေ ရာချီပိတ်ဆို့

Thursday, 27 August 2020 15:41

Exporter & Importer များ Tin No. Format ပြောင်းရမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန Importer/Exporter များနှင့် MACCS Declarant များသိရှိနိုင်ပါရန်

Wednesday, 26 February 2020 08:49

လွယ်ဂျယ်ကုန်သွယ်ရေးစခန်း

( ၁ ) စခန်းအမည် - ကုန်သွယ်ရေးစခန်း(လွယ်ဂျယ်)

Wednesday, 26 February 2020 08:35

ပို့ကုန်/သွင်းကုန်ရုံး (မြစ်ကြီးနားမြို့)

( ၁ ) စခန်းအမည် ပို့ကုန်/သွင်းကုန်ရုံး (မြစ်ကြီးနားမြို့)

Wednesday, 26 February 2020 07:54

ကျိုင်းလပ်ကုန်သွယ်ရေးစခန်း

၁။ စခန်းအမည် ကျိုင်းလပ်ကုန်သွယ်ရေးစခန်း

Wednesday, 26 February 2020 07:45

ထီးခီးကုန်သွယ်ရေးစခန်း

ထီးခီးကုန်သွယ်ရေးစခန်း