Trade Center

တရုတ်နိုင်ငံ၌ကျင်းပပြုလုပ်မည့် နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာပါဝင်မည်

(၅)ကြိမ်မြောက်တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်း၀င်ကုမ္ပဏီများနှင့် လုပ်ငန်းနယ်ပယ်မှ ထိပ်တန်းကုမ္ပဏီ ၂၇၀ ကျော် ပါဝင်လက်မှတ်ရေးထိုးကြပြီး မြန်မာနိုင်ငံအပါအ၀င် နိုင်ငံ ၅၀ ကျော်က အွန်လိုင်းမှတစ်ဆင့် ပါဝင်ခင်းကျင်းပြသကြမည်ဖြစ်ကြောင်း တရုတ်သံရုံးမှသိရသည်။

 

 

BI1.jpg

 

လက်ရှိအချိန်တွင် (၅)ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲ ကျင်းပရေးဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ အဆိုပါကုန်စည်ပြပွဲသို့ နိုင်ငံတကာမှကုမ္ပဏီများ ပါ၀င်ကြပြီး စာချုပ်ချုပ်ဆိုထားသောပြပွဲဧရိယာမှာ စီစဉ်ထားသောဧရိယာ၏ ၉၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း သိရသည်။

 

ပြပွဲ၏ နည်းပညာဆိုင်ရာ စက်ပစ္စည်းပြပွဲဧရိယာတွင် ဉာဏ်ရည်တု သီးသန့်ဧရိယာကိုလည်း ထည့်သွင်းထားမည် ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။

 

Source : Myanma Alinn

Read times
Rate this item
(0 votes)